ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့သို့ သုံးခေါက်မြောက်ခရီး စဉ်တွင် နိုင်ငံကျော်ရှေးဟောင်းသမိုင်းဝင်မွေတော်ကက္ကူ ဘုရားကြီးအား ဖူးမြော်ကြည်ညိုစိတ်ပြင်းပြလျက်ရှိရာ စာရေး သူနှင့်အတူ ပါလာသည့် သီပေါဘော်ကြိုဘုရားကြီး ဂေါပက ဥက္ကဋ္ဌ ဦးဆန်စိုင်း၊ အဖွဲ့ဝင်ဆရာဦးစိုင်းထွန်းရွှေတို့ကလည်း တောင်ကြီးတွင်ဘော်ကြိုဘုရားကြီး သာသနိကလုပ်ငန်းများ ဆောင်ရွက်ပြီးစီမှုအပေါ် စိတ်လက်ပေါ့ပါးစွာရှိနေသဖြင့် ဆန္ဒ တူညီစွာ သုံးယောက်သားကားလေးတစ်စီးဖြင့် ဘုရားဖူးမြော် ရန် ခရီးနှင်ခဲ့ကြသည်။
မွေတော်ကက္ကူဓာတ်မြတ်ကျော်ဘုရားသည် ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့နှင့် ၂၆ မိုင်ကွာ ကျောက်တစ်လုံးကြီး မြို့ နယ် နောင်ခိုင်းကျေးရွာအုပ်စု မွေတော်ကျေးရွာအနီးတွင် တည်ရှိသည်။ မိုးရွာသွန်းပြီးဖြစ်၍ ပြာမှိုင်းသော မဲနယ် တောင်တန်း၊ လွယ်မောတောင်တန်းကြီးများနောက်ခံဖြင့် ဖူးတွေ့ရသော မွေတော်ကက္ကူစေတီတော်ကြီးမှာ ကြည်ညို သပ္ပာယ်လွန်းလှသဖြင့် စာရေးသူတို့အဖွဲ့မှာ ဘုရားပရဝဏ် အတွင်းမှ တော်တော်နှင့် ပြန်မထွက်နိုင်အောင်ရှိသည်။ စာရေး သူတို့ သဒ္ဓါကြည်ညိုစိတ်ဖြင့် ဖူးမြော်ခွင့်ရကြသလို သဒ္ဓါကြည် လင်ပါရမီရှင်များအနေဖြင့်လည်း သိရှိဖူးမြော်နိုင်ကြစေရန် ရည်သန် ၍ မွေတော်ကက္ကူဘုရားကြီးအား ဤဆောင်းပါးဖြင့် ဦးညွတ်ရေးသားပူဇော်အပ်ပါသည်။
အဆိုပါ မွေတော်ကက္ကူဓာတ်မြတ်ကျော်စေတီတည်ရှိရာ နေရာသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက သာသနာပြု လုပ်ငန်းများကို စုပေါင်းလုပ်ကိုင်နေကြသည့် ဓမ္မဂ္ဘီရပုဂ္ဂိုလ်ထူးကြီးများ၊ထွက်ရပ်ပေါက်လောကီလမ်းကို ရှာဖွေနေကြသည့် လောကီဝိဇ­္ဇာဓိုရ်ပုဂ္ဂိုလ်ကြီးများ၊ သူတော်စင်ယောဂီပုဂ္ဂိုလ်ထူး များ စုစည်းကိန်းအောင်းမွေ့လျော်ရာဒေသအရပ်ဖြစ်သည်ဟု ဆိုကြပေသည်။
မွေတော်ကက္ကူစေတီတော်ဓာတ်မြတ်ကျော်စေတီများကိုခြုံ၍ ဒေသခံတိုင်းရင်းသားတို့က မွေတော်ကက္ကူဘုရားဟူ၍ လည်းကောင်း၊ ထိုထက်ပို၍လွယ်ကူသော မွေတော်ဆိုသော စကားကိုချန်ထားပြီး ကက္ကူဘုရားဟူ၍လည်းကောင်းခေါ် ဝေါ်ကြသည်။ ကက္ကူဟူသော ဝေါဟာရစကားလုံး၏ အဓိပ္ပာယ် မှာ တိုင်းရင်းသားဘာသာစကားဖြင့် အဓိပ္ပာယ်ဖွင့်ဆိုနိုင်သော် လည်း စေတီဘုရားများ၏ ဘွဲ့တော်အမည်အရာဌာန၌ ဘုရား၏ ဂုဏ်တော်နှင့်ပြည့်စုံကိုက်ညီခြင်းမရှိသည်ကို တွေ့ရသည်။ ပအိုဝ်းတိုင်းရင်းသား ဘာသာစကားမှာ ကက္ကူတွင် အသံနှစ် မျိုးပေါင်းစပ်ထားခြင်းဖြစ်သည်။ ကတ်(ကဲက်)+ကူမှာ ကင်း စခန်းဖြင်စည်။ မွေတော်ကက္ကူဘုရားတည်ရှိရာ ဒေသသည် ရှေးခေတ်အခါတွင် ဆီဆိုင်စော်ဘွားနှင့် ညောင်ရွှေစော်ဘွား နယ်၏ အစပ်ဒေသဖြစ်သည်။ သို့ဖြစ်၍ နယ်ခြားကင်းစခန်း နေရာရပ်ရွာဒေသတွင်တည်ရှိသော စေတီဘုရားကို ကက္ကူ ဘုရားဟူ၍ ခေါ်ဆိုကြရခြင်းဖြစ်သည်။
ထိုထက်လေးနက်၍ ဘုရား၏ ဂုဏ်ပုဒ်များနှင့်လိုက်လျော ညီထွေရှိပြီး ပို၍ပြည့်စုံသည့်အခြားတစ်ခုသော အဓိပ္ပာယ်ဖွင့်ဆို ချက်လည်းရှိသေးသည်။ ဤဘဒ္ဒကပ်က္ဘာ၌ ကကုသန်ဘုရား၊ ကောဏာဂုံဘုရား၊ ကဿပဘုရား၊ ဂေါတမဘုရား၊ အရိမေတ္တယျ ဘုရားများဟူ၍ ငါးဆူရှိရာတွင် ဘုရားလေးဆူမှာ ပွင့်တော်မူပြီးဖြစ်သည်။ အရိမေတ္တယျဘုရားမှာ နောင် အနာဂတ်ကာလတွင် မချွတ်ဧကန်ပွင့်ထွန်းတော်မူလတ္တံ့ဖြစ် သည်။
ဘဒ္ဒက္ဘာတွင် ပွင့်ထွန်းသည့်ဘုရားရှင်ဘွဲ့တော်အမည်များကို မြန်မာမှုပြုပြီး ခေါ်ဆိုသုံးစွဲခဲ့ရာ ကကုသန်၊ ကောဏဂုံ၊ ကဿပ၊ ဂေါတမ၊ အရိမေတ္တယျဘုရားရှင် ငါးဆူ၏ အမည် တော်များဖြစ်လာကြသည်။ လောကီဝိဇ္ဇာဓိုရ်ဂိုဏ်းများက ဂ္ဘီရပညာဖြင့် ယင်းထက် အကျဉ်းချုံး၍ ဖော်ပြရာ၌ သံ၊ ဂုံ၊ ပ၊ မ၊ ယျ ဟူ၍ အက္ခရာငါးလုံးမျှသာကျန်တော့သည်။
ရှေးဦးစွာ ဘဒ္ဒကပ်က္ဘာတွင် ပွင့်ထွန်းသောဘုရားရှင် များ၏ အမည်တော်မှာ ကကုသန်ဘုရားရှင်ဖြစ်ပြီး မြန်မာမှု အမည်ဖြင့် ကကုသန်ဘုရားဖြစ်သည်။ ထုံခြင်း၊ ကျဉ်ခြင်း၊ ပေါ့ပါးခြင်း၊ လွယ်ကူခြင်းကို ကြိုက်နှစ်သက်တတ်သော လူ့ဓလေ့ဝသီကြောင့် ကကုသန်မှ (သန်) ကို ချန်ထား၍ ကကု ဖြစ်လာရသည်။ အသံ၏ သဘာဝအရ အသံနှစ်ခုသည် သံတို သံပေါ့ဖြစ်နေပါက နှုတ်ဖြင့်ြ>ွမက်ကြားရာတွင် သံလေးသံရှည်သို့ ကူးပြောင်းတတ်သဖြင့် ကကုမှ ကက္ကူ(အသံထွက်မှာကက်ကူ)သို့ ရွှေ့ပြောင်းလာခဲ့ခြင်းဖြစ်ပေသည်။
မြန်မာသက္ကရာဇ် ၁၂၅၅ ခုနှစ် နယုန်လပြည့်ကျော် ၅ ရက်နေ့တွင် ရေးထိုးသော ခေါင်းလောင်းမှာ ”ခေါင်းလောင်း လုပ်ပြု၊ ကြေးပေါင်းစုနှင့် သွန်းလောင်းပြုယူ၊ လုလ္လတူ၍၊ ကက္ကူ မွေတော်ဓာတ်မြတ်ကျော်ကြီးကိုပူဇော်ဒါန၊ ဆက်သအလှူ” ဟူ၍ လွန်ခဲ့သော နှစ် ၁ဝ၇ ခုနှစ်က ခေါင်းလောင်းကမ္ဗည်းစာ တွင် ဤကက္ကူစေတီဘုရား၏ ဘွဲ့အမည်ကို ” ကက္ကူမွေတော် ဓာတ်မြတ်ကျော်” ဟု ဖွင့်ဆိုရေးသားခဲ့သည်။
မြန်မာနိုင်ငံအတွင်း ကျော်စောထင်ရှားသော ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်မြတ်တွင် ရှေးနောင်တော်ဘုရားများ၏ အသုံးအဆောင်ဖြစ်သော (အမွေတော်တိုက်) ကကုသန်ဘုရား ရှင်၏ တောင်ဝှေးတော်၊ ကောဏာဂုံဘုရား၏ ဓမ္မကရုဏ်းရေစစ် တော်၊ ကဿပဘုရားရှင်၏ ရေသနုတ်သင်္ကန်းတော်၊ ဂေါတမ ဘုရားရှင်၏ ဆံတော်များ ဌာပနာထားကြောင်း ရွှေတိဂုံသမိုင်း တွင် ပြဆိုထားပေသည်။
မွေတော်ကက္ကူစေတီစုတွင်မူ ဂေါတမဘုရားရှင်၏ ဓာတ်တော်မွေတော်ကို ဌာပနာထားသော်လည်း ဘုရားစေတီ ၏ ဘွဲ့တော်ကိုမူ နောင်တော်ကကုသန်ဘုရားရှင်၏ ဘွဲ့အမည် တော်ကိုယူလျက် ”ကက္ကူ” ဟုအမည်မှည့်ထားခြင်းဖြစ်သည်။ ဘဒ္ဒကပ်ကမ္ဘာတွင် ရှေးဦးစွာ ပွင့်တော်မူသော အကြီးဆုံးဖြစ် သည့် နောင်တော်ကကုသန်ဘုရားရှင်အား ဂုဏ်ပြုပူဇော်လို သောကြောင့် ဖြစ်သည်။
မွေတော်ကက္ကူဓာတ်တော်မြတ်ကို စတင်တည်ထား ကိုးကွယ်သည့် ပုဂ္ဂိုလ်များမှာလည်း လူအများ၏ အကျိုးစီးပွား အတွက် အများချမ်းသာရန် ဘုန်းကံပါရမီရှိသော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်များဖြစ်သည့် ရှင်သောဏနှင့် ရှင်ဥတ္တရ ရဟ္တာ မထေရ်မြတ်တို့နှင့် စေတီပေါင်းရှစ်သောင်းလေးထောင် တည်ထားကိုးကွယ်သော သာသနာပြု ဒါယကာသာသနာ့ အမွေခံထိုက်သော ဧကရာဇ်ဘုရင်မင်းမြတ် သီရိဓမ္မာအသောက မင်းကြီးပင်ဖြစ်ပေသည်။
တတိယသဂ¯ယနာတင်ပြီး ကိုးတိုင်းကိုးဌာနသို့ သာသနာ ပြုလုပ်ငန်းများကို ဆောင်ရွက်တော်မူကြသော ရှင်မဟာ မောဂ္ဂလိ ပုတ္တတိဿ ရဟ္တာမထေရ်မြတ် ဦးစီးခေါင်းဆောင် သော ရဟန်းတော်အပါးပေါင်းတစ်ထောင်ပါဝင်သည့် သံဃာ အဖွဲ့အစည်းတွင် ဈာန်အဘိဉာဏ်ရ ရဟန္တာပုဂ္ဂိုလ်တို့၏ ရှေ့ အနာဂတ်ကို မြော်မြင်နိုင်သည့်အနာဂဟံသÓဏ်အရာကို သာမန်ပုဂ္ဂိုလ်တို့ သိမြင်နားလည်ရန်ခက်ခဲလှပေသည်။
ကိုးတိုင်းကိုးဌာနသာသနာပြုလုပ်ငန်းများတွင် သရီရ ဓာတ်တော်မွေတော်များကို ဌာပနာသွင်းပြီး စေတီဘုရား တည်ထားကိုးကွယ်ခြင်း၊ ဗုဒ္ဓဘုရားရှင်ပွင့်တော်မူရာသစ်ပင် ဖြစ်သော ညောင်ပင်မဟာဗောဓိပင်ကို စိုက်ပျိုးခြင်း၊ သာသနာ ပြုမည့်ရဟ္တာပုဂ္ဂိုလ်များကို ဒေသအသီးသီးသို့စေလွှတ်ခြင်း၊ ရေတွင်း ရေကန်ပေါင်းရှစ်သောင်းလေးထောင်ကို တူးဖော်ခြင်း၊ ကျောင်း ပေါင်းရှစ်သောင်းလေးထောင်ကို ဆောက်လုပ်ခြင်းတို့ ပါဝင်ကြသည်။ သီရိဓမ္မာအသောကမင်းကြီး၏ သာသနာပြု လုပ်ငန်းနှင့် ပတ်သက်ဆက်စပ်ထူးခြားလေးခုဖြစ်စဉ် ခြောက် ရပ်ကို မွေတော်ကက္ကူစေတီတော်မြတ်ဘုရားတွင် ယနေ့တိုင် တွေ့မြင်နိုင်ပေသည်။ ၄င်းတို့မှာ-
(၁) သရီရဓာတ်တော် မွေတော်များကို ဌာပနာသွင်းပြီး တည်ထားကိုးကွယ်သည့် စေတီဘုရား (ဓာတု စေတီ)ရှိခြင်း၊
(၂) ညေယျငါးဖြာလေးသစ္စာကို ထိုးထွင်းသိမြင်ပြီး မာရ်ငါးပါးအောင်မြင်ရာ အပရာဇိတပလ္လင်ပေါက် ရောက်ရာ မဟာဗောဓိပင် (ညောင်ပင်) တို့ စိုက်ပျိုးထားရှိခြင်း။ (ပရိဘောဂစေတီ)
(၃) ရှင်သောဏနှင့်ရှင်ဥတ္တရတို့သမုတ်ထားသော ရှေး ဟောင်းရဟ္တာသိမ်တော်ရှိခြင်း။
(၄) ကျောင်းပေါင်းရှစ်သောင်းလေးထောင်တွင် ပါဝင် သောရှေးဟောင်းကျောင်း အထိမ်းအမှတ် အဆောက်အအုံများြ<ွကင်းကျန်ခြင်းမရှိသော် လည်း ရှေးဟောင်းကျောင်းနေရာ တည်ရှိခြင်း။
(၅) ရေတွင်းပေါင်းရှစ်သောင်းလေးထောင်တွင် ပါဝင် သောအထိမ်းအမှတ် ရေတွင်းရှိခြင်း။
(၆) ရေကန်ပေါင်းရှစ်သောင်းလေးထောင်တွင် ပါဝင် သောအထိမ်းအမှတ်ရေကန်ရှိခြင်း။
စသည့်အခြင်းအရာ ခြောက်မျိုးအခိုင်အမြဲတည်ရှိခြင်း များကြောင့် သမိုင်းသုတေသီများ၊ ပြည်တွင်းပြည်ပဘုရားဖူး များနှင့် လေ့လာသူများစည်ကားလျက်ရှိပေသည်။
သီရိဓမ္မာ သောကမင်းကြီးတည်ထားကိုးကွယ်သော စေတီပေါင်းရှစ်သောင်းလေးထောင်ထဲတွင် ရှင်သောဏနှင့် ရှင်ဥတ္တရမထေရ်တို့၏ ကျေးဇူးတရားဖြင့် မွေတော်ကက္ကူ စေတီမြတ်ကို တည်ထားကိုးကွယ်ကြပေသည်။ ဗုဒ္ဓရှင်တော် မြတ်၏ ဓာတ်တော်မွေတော်အစစ်များ ဌာပနာထည့်သွင်းပြီး မွေတော်ကက္ကူဘုရား တည်ထားရာမှနှစ်ပရိ္ဆေဒများစွာ အတွင်း အခြားအလားတူစေတီများကိုလည်း တည်ထားခဲ့ကြ သဖြင့် စေတီများ၏ စေတီအရေအတွက်တိုးတက်များပြား လာခဲ့ပေသည်။ စေတီအဆူအရေအတွက်နည်းများ ပမာဏကို အလွယ်တကူမှတ်သားနိုင်စေရန် ဗေဒင်နည်းအက္ခရာသင်္ချာဖြင့် ”တောင်သူကွမ်းညှပ်” (တဖျတ်ဖျတ်) ဟု မှတ်တမ်းတင်ထား ရှိခဲ့ကြပေသည်။ ထိုသို့ဆိုရိုးပြုသော မှတ်တမ်းအရမွေတော် ကက္ကူစေတီမှာ တောင်သူကွမ်းညှပ် (၇၆၂၃)ဆူရှိပေသည်။ (တဖျတ်ဖျတ်) မှာ အသံကာရံလိုက်၍ ဖြည့်ထားသောစကားဖြစ် ပေသည်။
နောင်ခဲဘုန်းကြီးဦးသောဏ၏ မှတ်တမ်းအရသက္ကရာဇ် ၁၂ဝဝ ပြည့်နှစ်တွင် ခရစ်နှစ် (၁၉၁ဝ) မွေတော်ကက္ကူ ဓာတ်မြတ်တော်ကျော်စေတီဆူပေါင်း ၂၄ဝ၂ ဆူရှိပေသည်။ ကက္ကူစေတီစုကို ဖောင်တော်ဆိုက်စေတီ ဂန္ဓကုဋိအနောက် ဘက် အုတ်နံရံတွင် မင်ဖြင့်မွေတော်ကက္ကူ ရေတွက်မှတ်တမ်း တင်ခဲ့သည်ကို တွေ့ရသည်။ သက္ကရာဇ် ၁၂၉ဝပြည့်နှစ်၊ ခရစ်နှစ် ၁၉၂၈ အချိန်၌ ကက္ကူစေတီစုမှာ ၂၅၄၈ ဆူရှိပြီး ရှေးက သာသနာပြု အသောကမင်းတရားကြီး၏ ကောင်းမှုတော်၊ ပုဂံခေတ်အလောင်းစည်သူမင်းကြီး၏ ကောင်းမှုတော်၊ ဆုတောင်းပြည့်နှင့် ဖောင်တော်ဆိုက်စေတီကြီး နှစ်ဆူအပြင် ထိုစေတီကြီးနှစ်ဆူကိုခြံရံထားသည့် အင်းဝခေတ်၊ ညောင်ရမ်း ခေတ်၊ ကုန်းဘောင်ခေတ်၊ ရတနာပုံခေတ်၊ ကိုလိုနီခေတ်၊ လွတ်လပ်ရေးရပြီးခေတ် စသည်ဖြင့် ခေတ်အဆက်ဆက် ပန်းတော့၊ ပန်းရန်၊ အနုပညာလက်ရာစုံကို ဖူးတွေ့နိုင်ပေ သည်။
စေတီပေါင်းထောင်သောင်းများစွာ တစ်နေရာတည်း တစုတဝေးတည်း တည်ထားကိုးကွယ်မှုပြုနိုင်ခဲ့ကြသည့် ဒေသခံ တိုင်းရင်းသားတောင်သူတို့၏ စေတနာသဒ္ဓါတရားကို ချီးကျူး ဂုဏ်ပြုဥဒါန်းတင်ထားသောအားဖြင့် ”တစ်မူးရလို့ တစ်ပဲလှူ တို့ရှမ်းတောင်သူတူနိုင်ရိုးလား” ဟူ၍ဆိုရိုးစကား သက်သေ တည်လျက်ရှိသည်။ စေတီအဆူပေါင်းအရေအတွက်ကိုလည်း ကွမ်းစားသည့်ဓလေ့ကို မြတ်နိုးခုံမင်သော တောင်သူတို့၏ ရိုးရာကွမ်းစားခြင်းအသုံးပြုမှုဖြင့် တောင်သူကွမ်းညှပ် တဖျတ်ဖျတ်ဟု မှတ်တမ်းပြုခဲ့ပေသည်။
မွေတော်ကက္ကူဓာတ်မြတ်ကျော် စေတီအားတည်ထား ကိုးကွယ်မှု ၊ လေးမြတ်ပူဇော်မှုပြုကြသည်မှာ နှစ်ပရိ္ဆေဒများစွာ ကြာခဲ့ပြီဖြစ်ပေရာ တတိယသဂ¯ယနာတင်ပွဲအပြီး ကိုးတိုင်းကိုး ဌာနသာသနာပြု စတင်တည်ထားကိုးကွယ်ခဲ့သောအချိန် ကာလမှစ၍ ရေတွက်လျှင်ဘီစီ ၃ဝ၇ ခုနှစ်မှစ၍ ခရစ်နှစ် ၁၉၉၉ ခုနှစ်တိုင်သည်အထိ နှစ်ပရိ္ဆေဒပေါင်း ၂၃ဝ၆ နှစ် ကြာမြင့်ခဲ့ပေ သည်။
ပုဂံမင်းဆက်များထဲတွင် စေတီဘုရားများစွာကို တည်ထား ကိုးကွယ်ခဲ့သော နရပတိစည်သူမင်းကြီး ထပ်မံပြုပြင်ထား သည့် မြန်မာသက္ကရာဇ် ၅၃၇ ခုနှစ်၊ ခရစ်နှစ် ၁၁၇၄ မှစ၍ ၁၃၆၂ခုနှစ်၊ ခရစ်နှစ် ၁၉၉၉ တိုင်သည်အထိ ဆိုလျှင်နှစ်ပေါင်း ၈၂၅ နှစ်သက်တမ်းရှိပြီဖြစ်ပေသည်။
ရှေးဟောင်းသမိုင်းဝင်မွေတော်ကက္ကူ စေတီတော်မြတ် ကြီးအား ယနေ့လူငယ်နောင်ဝယ်လူကြီးဖြစ်လာကြမည့် ဗုဒ္ဓနွယ်ဝင်များ၊ ဒေသခံများအစဉ်သဖြင့် ရှေးအနုပညာလက် ရာများကိုဖူးမြော်နိုင်ရေးအတွက် ငလျင်ဒဏ်သင့်ဘုရား ပုထိုး များကို ရှေးမူလက်ရာမပျက် အရှိန်အဟုန်ဖြင့်ဘက်စုံ ပြုပြင် မွမ်းမံတည်ဆောက်နေသော မြင်ကွင်းများကိုအားတက်ဖွယ် မြင်တွေ့ ခဲ့ရသည်။
မွေတော်ကက္ကူဘုရားကြီးကို အမှီပြု၍လဆုတ် ၈ ရက် နှင့်လပြည့်၊ လကွယ် ဥပုသ်နေ့များတွင် ဗုဒ္ဓနွယ်ဝင်သူတော်စင် များအနေဖြင့် စေတီဘုရားအားဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးတို့ ဖြင့်ကပ်လှူပူဇော်ကြသည်။ ဘုရားအရိပ်ကိုမီခိုပြီး သီတင်းသီလ ကျင့်သုံးကာကမ္မဋ္ဌာန်း ဘာဝနာစီးဖျန်းခွင့်ရကြသည်။
မွေတော်ကက္ကူဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်မှာ တစ်နှစ်လျှင်တန်ဆောင်မုန်းလပြည့်နေ့တစ်ကြိမ်၊ တပေါင်းလပြည့် နေ့တစ်ကြိမ်၊ ရှေးရိုးအစဉ်အလာမပျက် ယနေ့ထိတိုင်ကျင်းပ ကြသည်။ တပေါင်းလပြည့်နေ့တွင် ကျင်းပသောဗုဒ္ဓပူဇနိယ ပွဲတော်မှာ ရာသီဥတုပွင့်လင်းသာယာခြင်း၊ တောင်သူလယ် သမားများအနေဖြင့်လည်း လယ်ယာလုပ်ငန်းခွင် အားလပ် ခြင်းအပြင် ပအိုဝ်းတိုင်းရင်းသားတို့၏ အမျိုးသားနေ့နှင့် တိုက် ဆိုင်မှုရှိခြင်းတို့ကြောင့် ဖြစ်သည်။
ရှေးဟောင်းသမိုင်းဝင် မွေတော်ကက္ကူဘုရားကြီးသို့ အခါ အခွင့်သင့်ပါက လာရောက်ဖူးမြော် ကြည်ညိုနိုင်ပါကြောင်းနှင့် ဘုရားကြီးဘက်စုံပြုပြင်မွမ်းမံတည်ဆောက်ရေးအတွက် ကုသိုလ်ပါဝင်လှူဒါန်းလိုကြသော သဒ္ဓါကြည်လင်ပါရမီရှင်များ အနေဖြင့် မွေတော်ဂေါပကအဖွဲ့ရုံး ဝ၈၁-၂၁၂၄၆၉ဝနှင့် ဝ၉-၄၉၃၆ဝ၈၉၂ သို့ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန် အကျိုးမြော်၍ နှိုးဆော်အပ်ပါသတည်း။

စိုင်းသာလှိုင်(လိမ္မော်မြေ)၊ ဓာတ်ပုံ-စိုင်း(သီပေါ)