2017 KIA Optima တွင် KIA ရဲ့နာမည်ကျော် Signature တစ်ခုဖြစ်သည့် Tiger Nose Grille ရှဲလ်ကိုလည်း ခေတ်ရေစီးကြောင်းအတိုင်း ပိုမိုဆန်းသစ်သောဒီဇိုင်းအဖြစ် ပြောင်းလဲဖန်တီးထားသည့်အပြင် ကား Body မှာလည်း ပိုမိုရှည်လျားကျယ်ပြန့်ပြီး လေခွင်းအားပိုမိုကောင်းစေသောကြောင့် တွေ့မြင်လိုက်ရုံဖြင့် Latest မော်ဒယ်မှန်း သိသာထင်ရှား ဆန်းသစ်နေစေမှာဖြစ်ပါသည်။

ကား၏စွမ်းဆောင်ရည်အပိုင်းတွင် Engine Capacity အနေဖြင့် 2.0L MPI Gasoline Engine ကိုအသုံးပြုထားပြီး မြို့တွင်းတစ်ဂါလံလျှင်ပျမ်းမျှ 22 မိုင် နှင့် မြို့ပြင် 33 မိုင်အထိ မောင်းနှင်နိုင်မှာဖြစ်ပါတယ်။

ခရီးသွားခြင်းကိုနှစ်သက်သူများ မနက်ပိုင်း နှင့် ညဦးပိုင်းအချိန်များတွင် ကားမောင်နှင်သည့်အခါရှေ့သို့ရှင်းလင်းပြတ်သားစွာမြင်နိုင်ရန် ကူညီပေးမည့် Fog lamp နှင်းခွဲမီးလည်း ပါဝင်ပါ သည်။

KIA Optima 2017ကို Harman/Kardon Premium Sound System ထည့်သွင်းထုတ်လုပ်ထားခြင်းဖြစ်သည့်အတွက် ယခင် Model ဟောင်းများနှင့် လုံးဝမတူပဲ ထူးခြားအံ့သြဖွယ်ကောင်းသော အသံ Quality ကို ခံစားရရှိစေမှာဖြစ်ပါတယ်ရှင်။ Speaker 10 လုံးပါဝင်ပြီး Surround Sound ဖြစ်သည့်အပြင် ဖွင့်ထားသော Music ၏ Quality ကိုပါပိုမိုကောင်းမွန်လာအောင် ပြန်လည်ပြု ပြင်ထုတ်လွှတ်ပေးနိုင်စွမ်းရှိပြီး Studio တွင် နဂိုမူရင်းအသံသွင်းထားသောအသံများအားလုံးကို အသေးစိတ် ရှင်းလင်းကောင်းမွန်စွာကြားနိုင်စေရန်လည်း ပြန်လည်ဖန်တီးပေးမှာဖြစ်ပါသည်။ Music အသံမည်မျှပင် ကျယ်လောင်စွာဖွင့်ထားသော်လည်း ထူးခြားအံ့သြဖွယ်ကောင်းလောက်အောင် အက်ကွဲမှုလုံးဝမရှိသည့် Bass Quailty တို့ကို ထူးခြားစွာခံစားရရှိနိုင်မှာဖြစ်သည့်အပြင် ကားအတွင်း အသံလုံစနစ်ကောင်းမွန်မှုကြောင့် Recording Studio များတွင် ဖွင့်ထားသကဲ့သို့ ရသကိုပေးစွမ်းနိုင်မှာလည်းဖြစ်ပါသည်ရှင်။

Blind Spot Detection စနစ်သည် မမြင်နိုင်သောနေရာမှ ထွက်ပေါ်လာသည့်အရာများကို အာရုံခံပေးသော စနစ်ဖြစ်သောကြောင့် ဘေးနှင့်အနောက်ဘက်တို့မှ မိမိယာဉ်ကိုကျော်တက်လာစဉ်အချိန်တွင် နောက်ကြည့်ဘက်မှန်မှတဆင့် ယာဉ်မောင်းသူကိုသိရှိစေနိုင်သောကြောင့် လုံခြုံစိတ်ချအန္တရာယ်ကင်းစွာဖြင့် မောင်းနှင်နိုင်ပါသည်။

The All New KIA Optima 2017 တွင် နောက်ဆုံးပေါ်ခေတ်မီနည်းပညာသစ်တစ်ခုဖြစ်သော Wireless Charger စနစ်ပါဝင်သောကြောင့် ခရီးသွားရာတွင် ဖုန်းအားသွင်းကြိုး မေ့ကျန်ခဲ့ခြင်းအတွက် စိတ်ညစ်စရာမလို တော့သည့်အပြင် ကားအတွင်းအားသွင်းကြိုးဖြင့် ရူတ်ယှက်ခတ်မနေဘဲ wireless station တွင် ဖုန်းကို တင်ထားလိုက်ရုံဖြင့် အလွယ်တကူ ဖုန်း Battery သွင်းနိုင်သည့်အပြင် Electrical Shock ဖြစ်ခြင်း အန္တရာယ်မှကင်းဝေးစေမှာလည်း ဖြစ်ပါသည်။

ကားညာဘက်သို့မဟုတ် ဘယ်ဘက်သို့ကွေ့ရာတွင် ကား ကွေ့ရာဘက်ရှိ အလွယ်တကူမမြင်နိုင်သော နေရာများအထိပါ အလိုအလျောက်မီးထိုးပေးသော Static Bending light System ပါဝင်သောကြောင့် ညအခါကားမောင်းနှင်ရာတွင် လုံခြုံစိတ်ချ၍ အန္တရာယ်ကင်းစွာမောင်းနှင်နိုင်ပါသည်။

Electric Stability Control System သည် Wheel Speed Sensor နှင့် Steering Angle Sensors တို့ကိုပေါင်းစပ်ထားသောကြောင့်ကားလက်ကိုင်၏ တည်ငြိမ်မူ နှင့် မတော်တဆဖြစ်ခြင်းမှကြိုတင်ကာကွယ်ပေးပါသည်

Tilt & telescopic steering wheel ဖြစ်ပါသဖြင့် Steering Wheel အနိမ် အမြင့်အရှေ့၊အနောက်အနေအထားကို မိမိလိုအပ်သလိုပြောင်းလဲနိုင် ပါသဖြင့်မောင်းနှင်သူစိတ်တိုင်းကျသက်တောင့် သက်သာဖြစ်စေမည့်အနေအထားသို့လိုသလိုချိန်ညှိ၍မာင်းနှင်နိုင်ပါသည်ရှင်။

6 Speed Automatic Transmission အပြင် Manual Transmission ကိုပါ တွဲဖက်အသုံးပြုနိုင်သောကြောင့် ကုန်းမြင့်အတက်အဆင်းများ နှုင့် ခရီးသွားတောင်တက်လမ်းများတွင်လည်း အဆင်ပြေစေမှာဖြစ်ပါသည်ရှင်။

Head lamp washer ပါဝင်သောကြောင့် High way ခရီးသွားလာလျှင်သော်လည်းကောင်း၊ အကြောင်းအမျိုးမျိုးကြောင့်ရှေ့မီးကြီးမီးထွန်းရာတွင် အနှေုာင့်အယှက်ဖြစ်စေမည်ဖုန်၊ အမှိုက်သရိုက် များ ကပ်ညှိနေပါက ကားမောင်းနှင်နေရင်းဖြင့် ရေဖျန်းသန့်စင်ပေးနိုင်ပါသည်။

 

အဆင့်မြင့် Button Starter ဖြစ်သောကြောင့် သာမန် Key များကဲ့သို့သော့တံဖြင့်လှည့်ဖွင့်စရာမလိုဘဲ အလွယ်တကူခလုတ်နှိပ်ရုံဖြင့်စက်နိုးစက်သတ်နိုင်ပါသည်ရှင်။

Steering ၏ဘယ်ဘက်တွင် entertainment နှင့်ပတ်သတ်သော FM/CD/Phone ပြောင်းရန် Mode နှင့် အသံအတိုးအကျယ်၊ channel ပြောင်းရန် ခလုတ်များ ပါဝင်သောကြောင့် ကားမောင်း နေစဉ်အတွင်း အလွယ်တကူအသုံးပြုနိုင်ပြီး Bluetooth hand Free System ပါဝင်သည့်အတွက် ကားမောင်းနေစဉ်အတွင်း Bluetooth ချိတ်ဆက်ပြီး ဖုန်းပြောနိုင်သဖြင့် အန္တရာယ်ကင်းစွာ ဖုန်းပြောရင်းမောင်းနှင်နိုင်ပါသည်။

Reddot Design Awards သည် ထုတ်ကုန်ဒီဇိုင်းများကို ဂျာမနီနိုင်ငံမှ 1995 ခုနှစ်မှစတင်ပေးအပ်ခဲ့ပြီး နိုင်ငံပေါင်း 70ကျော် ထုတ်ကုန်ပေါင်း 15,500 မှ စီစစ်ရွေးချယ်ပေးခဲ့သော ဆုဖြစ်ပါသည်။KIA Optima ၏ ထုတ်ကုန်ဒီဇိုင်းကောင်း မွန်မူကြောင့်ထိုဆုကိုရရှိခဲ့ခြင်းဖြစ်ပါသည်။

(Airbags) De-powered driver’s airbags, De-powered passengers airbags (2) လုံး, Front side airbags (LH/RH) (2) လုံး, Curtain airbags (LH/RH)(4)လုံး စသည်ဖြင့် အန္တရာယ်မှကြိုတင်ကာ ကွယ်ရန်အတွက်စုစုပေါင်း Airbags (8) လုံးပါရှိပါသည်။

Super Vision Cluster System ပါဝင်သောကြောင့် Sport ဆန်ပြီး ပုံမှန်ကားများထက် ကားဒိုင်ခွက်ကို 100% ကြည်လင်ပြတ်သားစွာကြည့် မြင်နိုင်ပါတယ်။

Electric Parking Brake စနစ်ဟာရိုးရိုး Hand brake များထက် ပိုမိုအားသာချက်မှာ Manual လက်ဖြင့် ဆွဲ/ချ စရာမလိုပဲ ခလုပ်နှိပ်ရုံဖြင့် parking brake ဖြစ်ပီး ကားပြန်ထွက်လျှင် လီဗာနင်းရုံဖြင့် Auto Parking brake ဖြုတ်ပးသောစနစ်ပါဝင်ပါသည်။

Interior မှာလည်းကျယ်ဝန်းသောကြောင့်လိုက်ပါစီးနှင်းသူ များအနေဖြင့်လည်း သက်သောင့်သက်သာရှိစေမည့်အပြင် ထိုင်ခုံများမှာ Leather Seats များဖြစ်သော ကြောင့်ရိုးရိုး cloths seats ထက်ပိုမိုသက်တောင့်သက်သာသွားလာနိုင်သည့်အပြင်မတော်တဆ ကားပေါ်တွင် ဖိတ်စင် စွန်ထင်းခြင်းများကို အလွယ်တကူ သန့်ရှင်းရေးပြုလုပ်နိုင်ခြင်းနှင့် အနံအသက် ဆိုးများထွက်ခြင်း မှလည်းကာကွယ်ပေးနိုင်ပါသည်။

Panoramic Sunroof ပါဝင်သောကြောင့် ရိုးရိုးပုံမှန် Sunroof များကဲ့သို့ ရှေ့ခုံတန်းတွင်ထိုင်သူ နှစ်ဦးသာ Sunroof ၏ခံစားချက်ကိုသိရှိနိုင်မည်မဟုတ်ဘဲ ကားတစ်စီးလုံးတွင်ရှိသော Passenger များအားလုံး Panoramic Sunroof ၏ရသကို အပြည့်အ၀ရရှိခံစားနိုင်မှာဖြစ်ပါသည်။ Panoramic sunroof အောက်တွင် နေရောင်ခြည်မှ ကာကွယ်နိုင်မည့်Auto Adjustable roll-up sunblinds လိုက်ကာ ပါဝင်ပါသည်။

NHTSA’s Safety Ratings သည် နှစ်ပေါင်း 30 သက်တမ်းရှိပြီး ၀ယ်ယူသူများ အတွက်ဘေး ရန်ကင်းရှင်းစေရန်အတွက် စိတ်ချရသော ကားများကိုကူညီရှာဖွေပေးခြင်းဖြစ်ပါသည်။

ကားတစ်စီးကို အရှိန်ဖြင့်တိုက်ခြင်း၊ လိမ့်ထွက်သွားစေခြင်း စသောအမျိုးမျိုးစမ်းသပ်ပြီးမှသာ ဘေးရန်ကင်းရှင်းကြောင်းအဆင့်သတ်မှတ်ပေးပါသည်။ထိုအဆင့်သတ်မှတ်ချက်အတွက် KIA Optima သည် ဘေးရန်ကင်းရှင်းလုံခြုံရေးအတွက် အမြင့်ဆုံး 5-Star Safety Ratings ရရှိထားသောကြောင့်ဘေးရန်ကင်းရှင်းခြင်းနှင့်မတော်တဆ ကာကွယ်မူများအတွက် စိတ်ချရသောကားတစ်စီးလည်းဖြစ်ပါသည်။

ကားကို Manual gear ပြောင်းလဲမောင်းနှင်သောအခါ Steering မှလက်ရွေ့အသုံးပြုရန်မလိုဘဲ Gear ကို Manual သို့ပြောင်းပြီးပါက အဆိုပါ Puddle sifter gear ကို အတိုးအလျော့ ပြုလုပ်ရုံဖြင့်မောင်းနှင်နိုင်ပါသည်။

နာမည်ကျော် KIA Designer Mr. Peter Schreyer သည် KIA Optima 2017 ၏ ကားအနောက်ဘက် Design အသွင်အပြင်ကို ယခင်မော်ဒယ်ဟောင်းများနှင့် မတူကွဲပြားစေရန်အတွက် ဒီဇိုင်းအချိုးအကွေ့များကို အသေးစိတ် ဖန်တီးဆန်းသစ်ရေးဆွဲထားသောကြောင့် ပုံတွင်မြင်တွေ့ရသည့်အတိုင်း ထူးခြားသစ်လွင်လှပနေပါသည်။

KIA 2017 Optima သည် တုံပြန်အားကောင်းမွန်သည့် All Wheel Disc Brake System ဖြစ်သောကြောင့် Brake လျောခြင်း၊ Brake မမိခြင်းအန္တရယ်တို့မှကင်းဝေးပြီးယုံကြည်စိတ်ချစွာ မြို့တွင်း၊မြို့ပြင်မောင်းနှင်နိုင်ပါသည်။