ဘဏ်လုပ်ငန်းများနှင့် ပတ်သက်ပြီး စိုးရိမ်မှုမရှိရန် ဗဟို ဘဏ်က သတင်းထုတ်ပြန်ပြီး နောက် ပြည်တွင်းငွေကြေးဈေးကွက်၌ အမေရိကန်ဒေါ်လာသည် စက်တင်ဘာ ၄ ရက်တွင် တစ်ဒေါ်လာ ၁,၅၃၇ ကျပ်ခန့်သို့ ရောက်ရှိ သည်။

ဩဂုတ်လကုန်က တစ်ဒေါ် လာ ၁,၅၂၀ ကျပ်အထိ အမြင့် ဆုံးတက်သော ဒေါ်လာတန်ဖိုး သည် စက်တင်ဘာ ၂ ရက်တွင် ၁,၅၂၇ ကျပ်ဖြင့် ဈေးပိတ်ခဲ့သော် လည်း ဒေါ်လာတန်ဖိုး ထပ်မံမြင့်တက်လာခြင်းဖြစ်သည်။

စက်တင်ဘာ ၃ရက်တွင် တစ်ဒေါ်လာ ၁,၅၃၅ ကျပ်ဖြင့် ဈေး ပိတ်ခဲ့ပြီးနောက် ထပ်မံမြင့်တက် လာခြင်းဖြစ်သည်။

ဒေါ်လာဈေးနှင့် ရွှေဈေးမြင့် တက်မှုက ဘဏ်များနှင့် ပတ် သက်သော စိုးရိမ်မှုများကို အခြေခံပြီး ဈေးကွက်လှုပ်ရှားသည့် အခြေအနေမျိုး ဖြစ်လာခြင်းဟု ကမ္ဘာ့ ရတနာဘဏ် ဒုတိယအုပ်ချုပ်မှု ဒါရိုက်တာ ဒေါက်တာလှညွန့်က ပြောသည်။

‘‘ဗဟိုဘဏ်က သတင်းထုတ်ပြန်လိုက်တော့ ပြန်ငြိမ်မှာပါ’’ဟု ၎င်း၏အမြင်ကို ပြောပြသည်။

ပြည်တွင်း ငွေကြေးဈေး ကွက်တွင် ဒေါ်လာတန်ဖိုးတက် ခြင်းသည် ဩဂုတ် ၁၅ ရက်က စတင်ပြီး ရှမ်းမြောက်တိုက်ပွဲများ ကြောင့် မြန်မာ၊ တရုတ်နယ်စပ် ကုန်သွယ်ရေး ရပ်တန့်လုနီးပါး ဖြစ်နေပြီး စင်ကာပူ၊ ဟောင် ကောင်နိုင်ငံတို့မှ ဒေါ်လာအဝင် နည်းသဖြင့် ပြည်တွင်းဒေါ်လာရှား သည့် အခြေအနေမျိုး ဖြစ်နိုင် ကြောင်း စီးပွားရေးလုပ်ငန်းရှင် အချို့က ပြောသည်။

စက်တင်ဘာ ၃ ရက် ဗဟို ဘဏ် ရည်ညွှန်းငွေလဲနှုန်းက လည်း တစ်ဒေါ်လာ ၁,၅၃၁ ကျပ် သို့ မြင့်တက်လာသည်။ စက်တင် ဘာ ၂ ရက်က တစ်ဒေါ်လာ ၁,၅၂၃ ကျပ် သတ်မှတ်ခြင်း ကြောင့် တစ်ရက်အတွင်း ရှစ်ကျပ်ခန့် မြင့်တက်သည်။ လက်ရှိ ဗဟို ဘဏ်ရည်ညွှန်းငွေလဲနှုန်းက ဈေး ကွက်ပေါက်ဈေးနှင့် နီးစပ်စွာ ဖော်ပြသောနှုန်းထားဖြစ်သည်။