ညနေစာကို အရသာပြင်းတဲ့ ကြေးအိုးတွေ၊ မာလာရှမ်းကောတွေ၊ ဟော့ပေါ့တွေစိတ်ကြိုက်စား …

မနက်မိုးလင်းလို့ မှန်ကြည့်ရင် စိတ်အညစ်ရဆုံးထဲမှာ မျက်နှာကြီးဖောင်းဖောင်းအမ်းအမ်းကြီးဖြစ်တာရယ်၊ မျက်လုံးတွေပါ ဖောင်းအစ်နေတာရယ် အဆိုးဆုံးဖြစ်မယ်ထင်တယ်

ကျောင်းတွေ၊ ရုံးတွေလဲသွားရတော့မယ်ဆိုကာမှ မျက်နှာကြီးက ဖောင်းအစ်နေတာ တော်တော်ကို စိတ်ညစ်စရာပါ

ဘာလို့အဲ့လိုဖြစ်တာလဲဆိုတော့ အရသာပြင်းတဲ့ အစားသောက်တွေမှာပါတဲ့ ဆားဓာတ်၊ အချိုဓာတ်တွေက ရေကိုဆွဲထားတော့ မျက်နှာပြည့်အစ်တာတွေ မျက်လုံးဖောင်းတာတွေ၊ ဝမ်းဗိုက်ကြီး balloting ဖြစ်တာတွေ ဖြစ်လာတာပါ။

ကဲ အဲ့လိုသူတွေအတွက် ကူညီပေးဖို့ ဒီဆောင်းပါးလေးကို ဆက်ဖတ်ကြရအောင်နော် …..

– ပထမဆုံးအနေနဲ့ coffee သောက်ပါ

ကော်ဖီကို နို့ဆီတွေ သကြားတွေ ထည့်သောက်တာထက် black coffee သောက်တာ ပိုကောင်းပါတယ်။ သံပုရာသီးလေးပါ ညှစ်သောက် စိတ်ပါလန်းဆန်းသွားမယ်.. ကော်ဖီက စိတ်ကို လန်းဆန်းစေပြီး အိပ်ချင်ပြေရုံတင်မကဘူး ဆီးရွှင်စေလို့ ခန္ဓာကိုယ်က ဆွဲထားတဲ့ ရေတွေကို အမြန်ဆုံး အပြင်ထွက်စေပါတယ်။

– ငှက်ပျောသီးစားပါ

ငှက်ပျောသီးက ပိုတက်ဆီယမ်ဓာတ် ကြွယ်ဝပါတယ်။ ခန္ဓာကိုယ်မှာ သဘာဝအလျောက်ဖြစ်တဲ့ ဇီဝကမ္မဖြစ်စဉ်အရ ဆားဓာတ်ဆိုဒီယမ်တွေကို ပိုတက်ဆီယမ်ဓာတ်က ဆန့်ကျင်နိုင်စွမ်းရှိပါတယ်။ အဲ့ဒါကြောင့် ငှက်ပျောသီးစားပါ။ ကော်ဖီမကြိုက်တတ်တဲ့သူ၊ မသောက်တတ်တဲ့ သူတွေအတွက်လဲ အဆင်ပြေတာပေါ့။

– နောက်ဆုံး တစ်ချက်က မျက်နှာလေ့ကျင့်ခန်း facial yoga ဆော့ပါ

မျက်နှာလေ့ကျင့်ခန်း၊ facial yoga လေ့ကျင့်ခန်းလုပ်တာက သွေးလည်ပတ်မှု၊ ပြန်ရည်ကြောလည်ပတ်မှု ကောင်းစေပြီး မျက်နှာမှာ ရေစုနေတာကို သက်သာစေပါတယ်

ကဲ.. ဒီ ၃ နည်းလေးက အချိန်ကုန်လည်း သက်သာတယ်၊ ငွေကြေးကုန်ကျလဲ သက်သာတယ် သိသာထိရောက်တဲ့ result ကိုလဲပေးလို့ မျက်နှာဖောင်းအစ်လို့ စိတ်ညစ်နေရတဲ့သူတွေအတွက် အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။

ခုတော့.. စားချင်တာ နောက်ဆံတင်းစရာမလိုဘဲ စားလို့ရပြီ …….

Scarlette (ဆေး၁)
Credit to: Ondoctor