အခုတစ်ပတ်ကား  ဈေးကွက်အတွင်းမှာ ပြည်တွင်းမှာ တပ်ဆင်ထုတ်လုပ် တဲ့ SKD ကားတွေနဲ့ နံပါတ်ထွက် ပြီးသား ဂျပန်တစ်ပတ်ရစ်  ကား တွေရဲ့ ဈေးကွက်ဟာ အညီအမျှ  ဖြစ်လာပါတယ်။

သီရိမင်္ဂလာ ကားရောင်းဝယ် ရေး  စခန်းက   ဝါရင့် ဝယ်ရောင်း ကို အောင်ကျော်ထွန်းက “SKD ကား တွေ အနေနဲ့ YVQC စနစ်နဲ့ ရန် ကုန်လိုင်စင်  ချထားဖို့ ကြန့်ကြာနေ တဲ့ အချိန်မှာ ရန်ကုန်လိုင်စင်နဲ့  ရောင်းချနိုင်တဲ့ အားသာချက်ရှိ တယ်၊ အရစ်ကျ စနစ်နဲ့  ဝယ်နိုင်လို့  ကျပ်သိန်း ၅၀၊ ၆၀ လောက် လက် ငင်းပေးပြီး ကားသစ်ပိုင်ဆိုင်နိုင် တဲ့ အခွင့်အရေးကလဲ ရှိနေပါ တယ်၊ အဲဒါကြောင့် ဈေးကွက်မှာ တဖြည်းဖြည်း  နေရာယူလာနိုင် တယ်”လို့ ပြောပါတယ်။

တစ်ပတ်ရစ်ဈေးကွက်

အခုရက်ပိုင်းမှာ  မိုးအဆက် မပြတ် ရွာသွန်းနေတာ၊  အချို့နယ် တွေမှာ ရေကြီးရေလျှံ ဖြစ်တဲ့ ပြဿ နာတွေကြောင့် နယ်ဝယ်လက်အဆင်းနည်းသွားပါတယ်။   အဲဒါ ကြောင့် ဈေးမြင့်တဲ့ကားတွေ အ ရောင်းအဝယ် အေးနေပြီး ကျပ် သိန်း ၂ဝဝ နဲ့ ၃ဝဝ ကြား  ကားအမျိုး အစားတွေသာ အရောင်းအဝယ် ဖြစ်ပါတယ်။ ပွိုင့်သရီး ကားလေး တွေ အရောင်းအဝယ် ဖြစ်နေပြီး ပွိုင့်သရီးထဲက ကားကောင်း ကား သန့် ရှာရတာ ခက်ခဲလာပါတယ်။ ပွိုင့်သရီးတွေနဲ့ အတူ ၆၆၀ စီစီ  လုပ် ငန်းသုံး ပစ်ကပ်လေးတွေဖြစ်တဲ့ ဟိုက်ဂျက်နဲ့ ခွေးဘီးလူးလို ကား မျိုးတွေ အရောင်းအဝယ် ဖြစ်တာ များပါတယ်။

ပွိုင့်သရီးထဲက အရောင်း အ ဝယ် ဖြစ်တာများတဲ့ ကားအမျိုး အ စားတွေကတော့ ဟွန်ဒါဖစ်၊ တိုယို  တာဗစ်ဇ်၊ တိုယိုတာ ရက်တစ် ဘယ်လ်တာနဲ့ ပရိုဘောက်စ် တို့  ဖြစ်တယ်။   ဟွန်ဒါဖစ် စတိနံပါတ် ကား အမျိုးအစား တွေကတော့  ကျပ် သိန်း ၃ဝဝ ဝန်းကျင်အထိ ဈေးနှုန်းတွေ မြင့်တက်လာတဲ့  အ တွက် ဘရန်းနယူး SKD ကားတွေ နဲ့ ဈေးနှုန်းအတူတူလို ဖြစ်လာ တယ်။ အဲဒါကြောင့် တစ်ပတ်ရစ် စတိနံပါတ်ကားထက် အသစ်စက် စက် SKD ကားကို  ရွေးချယ်တာ များလာပါတယ်။ လက်ရှိမှာ ဟွန်ဒါ ဖစ် ၂ဝဝ၈ မော်ဒယ်လ် ၄ဃ နံပါတ်ကို ကျပ် ၁၈၅ သိန်း၊  တိုယိုတာဗစ်ဇ် ၂၀၁၁ မော်ဒယ်လ်ကို  ကျပ်   ၁၈၃ သိန်းနဲ့  ပရိုဘောက်စ် ၂ဝဝ၉ မော်ဒယ်လ် ကို  ကျပ်သိန်း  ၁၈၀ ဝန်းကျင်ရှိပြီး ပရိုဘောက်စ် စတိနံပါတ် ၂၀၁၂   မော်ဒယ်လ်ကို ကျပ်သိန်း  ၂၆၀ ၊ ဟွန်ဒါဖစ် စတိ နံပါတ် ၂၀၁၁ မော် ဒယ်လ်ကို ကျပ် ၂၆၈ သိန်းနဲ့ ဟွန်ဒါ အင်ဆိုက် စတိ နံပါတ် ၂၀၁၂   မော် ဒယ်လ်ကို  ကျပ် သိန်း ၂၇၀ ဝန်း ကျင် ရှိပါတယ်။

SKD ကားတွေ

ဂျပန်တစ်ပတ်ရစ် ညာမောင်း ကားတွေ ရှားပါးလာပြီး ဖြစ်သင့်တဲ့ ဈေးထက် ပိုမိုမြင့်တက်လာတာ ကြောင့် ပြည်တွင်းမှာ  တပ်ဆင် ထုတ်လုပ်တဲ့ SKD ကား တွေကို   ရွေးချယ်တာ  များလာပါတယ်။ ဒါ ပေမဲ့ SKD ကားတွေဟာ ဈေး ကွက်   လိုအပ်ချက် ပြည့်မီအောင်   မ ထုတ်လုပ်နိုင်သေးတဲ့ အတွက် စောင့်ဆိုင်း ဝယ်ယူရတာ တွေ ကြောင့်ရယ်   အချို့ ဝယ်လက်တွေ ရဲ့ ဂျပန်ပြည်တွင်းအတွက် ထုတ် လုပ်တဲ့  ကားတွေကသာ အရည် အ သွေး ပိုကောင်းတယ်ဆိုတဲ့ အယူ အဆတွေရယ်ကြောင့် ဂျပန်တစ် ပတ်ရစ်ကားတွေထဲက ပြန်ရွေး ချယ်တာ မျိုးလည်း ရှိပါတယ်။ အဲဒါကြောင့် SKD ကားတွေနဲ့  နံပါတ်ထွက်ပြီးသား ဂျပန်ညာ မောင်း တစ်ပတ်ရစ် ကားတွေ ဈေး ကွက်မျှနေပါတယ်။

စလစ်ဈေး

YVQC စနစ်နဲ့ ရန်ကုန်လိုင် စင်ချထားပေးဖို့ ကြန့်ကြာနေတာ ကြောင့် စလစ်ဈေးက အမြင့်မှာ ရပ်တန့်နေပါတယ်။   စလစ်အပ် ကား ရှားပါးလာတာနဲ့လည်း သက် ဆိုင်နေပါတယ်။ ရန်ကုန် လိုင်စင် သက်တမ်း   နှစ် ၂၀ အမည် ပေါက် စလစ်တစ် စောင်ရဲ့ ဈေးနှုန်း ဟာ ကျပ်သိန်း  ၁၄၀ နဲ့  ၁၄၅ သိန်း ကြား အရောင်း အဝယ်ရှိတယ်လို့ ကားဈေးကွက်အတွင်းက သိရပါ တယ်။

 

Credit to: Kumudra
Author:
အောင်ထွန်းဦး