အသစ်ထွက်ရှိလာသည့် 2020 Model Mazda 2 သည် မြောက်အမေရိကဒေသသို့ တင်ပို့သည့် Toyota Yaris အား Mazda Logo တပ်ဆင်ထားသည့် Model ဖြစ်ကာ Refresh Model အနေဖြင့် ထွက်ရှိလာခြင်းလည်းဖြစ်သည်။ ၎င်းအား ယခင်က Mazda Demio အမည်ဖြင့် ဂျပန်ဈေးကွက်၌ ခေါ်ဝေါ်ခဲ့သော်လည်း ယခုအခါ Mazda 2 အမည်ဖြင့် ထုတ်လုပ်မည်ဖြစ်သည်။

အရှေ့ဖက် Grille နှင့် Bumper တို့သည် ဒီဇိုင်းအသစ်ဖြစ်ပြီး အရှေ့မီးကြီးတွင် Adaptive LED နည်းပညာနှင့် DTR စနစ်တို့ ထည့်သွင်းထားပါမည်။ အလင်းထွက်ရှိမှုနှင့်လားရာ စုစုပေါင်း ( ပုံစံ ၂၀ မျိုး ) ကို ထိန်းချုပ်ဖန်တီးနိုင်မှု တို့သည် Mazda ၏ အသစ်ဖန်တီးမှုလက်ရာဖြစ်ပြီး Toyota နှင့် များစွာ ကွဲပြားမည်လည်းဖြစ်သည်။

အတွင်းခန်းသည် ကျယ်ဝန်းသပ်ရပ်သည့် ပုံစံရှိပြီးပါဝင်မှုအားလုံးကို Updated အနေဖြင့် ခင်းကျင်းထားပါမည်။ Driver ထိုင်ခုံသည် 6 – ways Power ပုံစံဖြစ်ကာ MZD Connect Infotainment စနစ်တွင် Apple Car Play နှင့် Android Auto တို့ထည့်သွင်းထားမည် ဖြစ်သည်။ ကားအတွင်းခန်းအား အသံလုံစနစ်ဖြင့် ဖန်တီးထားမည့်အပြင် လုံခြုံရေးနှင့် အခြားပါဝင်မှု များအနေဖြင့် – Adaptive Cruise Control G – Vectoring Control Plus စသည့် ပါဝင်မှုများလည်း ပါရှိပါမည်။

ဓာတ်ဆီနှင့် ဒီဇယ်အင်ဂျင်များအတွက် ဘရိတ်မှ စွမ်းအင်ကို ပြန်လည်ရရှိနိုင်သည့် Mazda i – E loop Brake Energy စနစ်ကိုလည်း ထည့်သွင်းထားပါမည်။ ဂျပန်ဈေးကွက်အတွက် ( AWD System ) ကိုမှာယူရနိုင်ပါမည်။ သြစတြေးလျဈေးကွက်အတွက်လာမည့် ၂၀၂၀ မှသာ Mazda 2 ကို တင်ပို့မည်ဖြစ်သော်လည်း ဂျပန်ဈေးကွက်တွင်မှု ယခုနှစ် September တွင် စတင်ရောင်းချမည် ဖြစ်သည်။ U. S. A ဈေးကွက်သို့လည်း ယခုနှစ်အတွင်း ရောင်းချနိုင်ရန် Mazda မှ အလားတူ စီစဉ်ထားသည်။

 

Credit: Drive Magazine