Samsung မှ ၉.၈.၂၀၁၈ ရက်နေ့ က သူ့ရဲ့ နာမည်ကြီး Smart Phone စီးရီးဖြစ်တဲ့ Galaxy Note Series မှ Note 9 ကို စတင်မိတ်ဆက်ခဲ့ပါတယ်. ယခုထွက်ရှိလာမဲ့ Note 9 ရဲ့ အဓိက Features တွေကတော့ 4000 mah battery ကိုအသုံးပြုထားတဲ့အတွက် တစ်နေ့တာလုပ်ငန်းဆောင်တာတွေအတွက် သိပ်ပူစရာမလိုတော့ပါဘူး… နောက်ပြီး Storage အနေနဲ့ကတော့ 512 GB, 8 GB RAM နဲ့ 128 GB, 6 GB RAM ဆိုပြီး ၂မျိုးထုတ်လုပ်မှာဖြစ်ပြီး မိမိစိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်.. expandable storage အတွက် 512 GB လည်းထပ်စိုက်သုံးလို့ရအုံးမှာဖြစ်တဲ့အတွက် storage များများအသုံးပြုခြင်သူတွေအတွက်ကတော့ မက်လောက်စရာကြီးပါ.. နောက်ပြီး တကယ်အသုံးဝင်ပြီး ဒီ Series မှာ ဇတ်လိုက်ဖြစ်လာမဲ့ SPen ရဲ့ လုပ်ဆောင်နိုင်စွမ်းဟာလဲ အပြောင်းလဲတစ်ခုအနေနဲ့အသုံးတော်ခံအုံးမှာပါ။ SPen မှာပါဝင်တဲ့ ခလုပ်သေးလေးကို ဓါတ်ပုံရိုက်ရာမှာဖြစ်စေ၊ Slide Show တွေပြရာမှာဖြစ်စေ မိမိစိတ်ကြိုက်သတ်မှတ်ပြီး အသုံးပြုလို့ရအုံးမှာပါ. အများကြီးမပြောတော့ပါဘူး.. Note Series ကိုစွဲမက်စွာ အသုံးပြုကြတဲ့ သူတွေအတွက်တော့ Note 9 ရဲ့လုပ်ဆောင်ချက်အသစ်တွေနဲ့အတူ မိမိရဲ့ နေ့စဉ်ဘ၀တွေကိုဖြတ်သန်းကြအုံးမှာပါ…