အပျော်တမ်းဓါတ်ပုံဝါသနာရှင်တွေအတွက် ရည်ရွယ်ထုတ်လုပ်လိုက်တဲ့ အရည်အသွေးမြင့် ခရီးဆောင်ကင်မရာဖြစ်ပါတယ် ၊ XF10 လို့အမည်ပေးထားပြီး 24 Megapixel Resolution ရှိ APS-C Sensor အသုံးပြုထားတဲ့ Premium Compact ကင်မရာပါ ။ ပုံထွက်အရည်အသွေး ကောင်းမွန်တဲ့ Fujinon 18.5mm F2.8 မှန်ဘီလူးကို အသေတပ်ဆင်ပေးထားပြီး 35mm Term နဲ့ တွက်ချက်မယ်ဆိုရင် Focal Length – 28mm ကို ပိုင်ဆိုင်ပါတယ် ။ Max. Aperture – F2.8 ရှိတဲ့အတွက် အလင်းဝင်ရောက်မှု ကောင်းမွန်ပြီး Low-Light စွမ်းဆောင်ရည် မြင့်မားပါတယ် ။ Street Photographer တွေအကြိုက်တွေ့မယ့် Specification တွေ ပါဝင်ပြီး ကင်မရာကိုယ်ထည် သေးငယ်ပေါ့ပါးကာ သွားလေရာ အလွယ်တကူ သယ်ဆောင်နိုင်အောင် ဖန်တီးထားပါတယ် ။

ကျောဘက်ဖော်ပြမျက်နှာပြင်အနေနဲ့ 3.0’’ အရွယ်အစားရှိ 1040k-dot Color LCD Touchscreen ကို တပ်ဆင်ပေးထားပြီး Electronic Viewfinder (EVF) မပါရှိပါဘူး ။ ကင်မရာ ကိုယ်ထည်အပေါ်ဘက်မှာ On/Off Switch & Front Command Dial , Shutter Release Button, Mode Dial နဲ့ Rear Command Dial တို့ ပါရှိပါတယ် ။ အနောက်ဘက်မှာ Focus Lever တနည်းဆိုရရင် Focus Stick ပါဝင်ခြင်းက အားသာချက်ဖြစ်ပါတယ် ။ မြင်ကွင်းပုံရိပ်တွေကို လေးထောင့်စပ်စပ် Square Format နဲ့ မှတ်တမ်းတင်နိုင်ပြီး Instagram မှာ အလွယ်တကူ ပြန်လည်မျှဝေနိုင်ပါလိမ့်မယ် ။ ရုပ်သံရိုက်ကူးရေးတွေကို 4K အရည်အသွေးနဲ့ မှတ်တမ်းတင်နိုင်မှာဖြစ်ပေမယ့် Frame Rate က 15fps နဲ့သာ Record ပြုလုပ်နိုင်မှာပါ ။

Native Sensitivity အနေနဲ့ ISO 200-12800 အထိ ရှိပြီး လိုအပ်ပါက 100-51200 အထိ တိုးချဲ့ယူနိုင်ပါတယ် ။ အလင်းရောင်အားနည်းနေတဲ့အချိန်တွေမှာ ဖြည့်စွက်အလင်း ထုတ်လွှတ်ပေးနိုင်ဖို့အတွက် Built-in Flash ပါဝင်သလို Flash Range – 5.3m @ ISO 100 ရှိပါတယ် ။ Hot Shoe မပါရှိတဲ့အတွက် External Flash နဲ့ တခြား Accessory တွေကို ထပ်မံဖြည့်တင်းနိုင်မှာ မဟုတ်ပါဘူး ။ Continuous Drive – 6fps လို့ ဆိုထားတဲ့အတွက် ၁ စက္ကန့်အတွင်းမှာ ဓါတ်ပုံပေါင်း ၆ ပုံအထိ တဆက်တစပ်တည်း ရိုက်ကူးသိမ်းယူနိုင်မှာဖြစ်ပါတယ် ။ Connectivity အတွက် USB 2.0, microHDMI, WiFi နဲ့ စွမ်းအင်ချွေတာနိုင်တဲ့ Bluetooth 4.1 LE ပါရှိပါတယ် ။ USB Port ကနေ တဆင့် Charging ပြုလုပ်နိုင်ခွင့်ပေးထားပြီး Battery Life (CIPA) – 330 ရှိ NP-95 Lithium-ion Battery ထည့်သွင်းပေးထားတယ် ။

Fujifilm XF10 မှာ လျှပ်တပြတ် ဓါတ်ပုံရိုက်ရတာ ၀ါသနာပါသူတွေအတွက် Snapshot Mode သီးခြားပါရှိလာပါတယ် ။ Focus Point နဲ့ Aperture ကို 2m/F8 သို့မဟုတ် 5m/F5.6 စသဖြင့် Preset ပြုလုပ်ပေးထားပြီး အမှတ်တမဲ့ အခိုက်အတန့်တွေကို အမိအရ သိမ်းယူနိုင်ဖို့အတွက် လွယ်ကူအဆင်ပြေစေပါတယ် ။ XF10 ကို Champagne Gold နဲ့ Black ဆိုပြီး အရောင် ၂ မျိုး ခွဲခြားထုတ်လုပ်ထားပါတယ် ၊ ဈေးနှုန်း ၄၉၉ ဒေါ်လာ သတ်မှတ်ထားပြီး အသေးစိတ်အချက်အလက်တွေကို www.fujifilm.com/products/digital_cameras/x/fujifilm_xf10 မှာ ၀င်ရောက်လေ့လာနိုင်ပါတယ် ။

Price – 499 $ @ www.fujifilm.com

Credit to : Cyra, Cyra Publishing