Mirroless Camera System အတွက် ရည်ရွယ်ပြီး ဒီဇိုင်းပြုလုပ်ထားသလို ကျောပိုးအိတ်ရဲ့ အစိတ်အပိုင်းတွေကို အဖြုတ်အတပ် အရွေ့အပြောင်း ပြုလုပ်နိုင်မယ့် Modular System နဲ့ Detachable Part တွေ ပါရှိပါတယ် ။ ခရီးဆောင် Backpack အဖြစ် ကင်မရာနဲ့ ဆက်စပ်ပစ္စည်းတွေ ထည့်သွင်းသယ်ဆောင်တဲ့အခါ အဆင်ပြေစေဖို့ Carry-On Luggage အရွယ်အစားနဲ့ ဖန်တီးထုတ်လုပ်ထားပါတယ် ။ 15’’ Laptop နဲ့ Tablet အတွက် သီးခြား အိတ်တစ်ခု ကျောဘက်မှာ စီစဉ်ပေးထားသလို မလိုအပ်ပါက ဖြုတ်ထားနိုင်တယ် ။

ကျောပိုးအိတ်ရဲ့ အရှေ့ဘက်မှာ ကင်မရာအိတ်ပါရှိပြီး Detachable Part ဖြစ်တဲ့အတွက် အိတ်အပြင်ဘက်ကို ထုတ်ပြီး သီးခြား အသုံးပြုနိုင်ပြန်တယ် ။ External Tripod Connection တွေ ပါရှိတဲ့အတွက် အိတ်နဲ့အတူ ခရီးဆောင် Tripod ကိုလည်း တပါတည်း သယ်ဆောင်သွားနိုင်မှာပါ ။ Camera Compartment အတွင်းမှာလည်း ကင်မရာနဲ့ ဆက်စပ်ပစ္စည်းတွေကို သေသပ်ကျနစွာ ထည့်သွင်းနေရာချဖို့အတွက် Flexi Divider တွေ ပါရှိပါတယ် ။ ကျောပိုးအိတ်အတွင်းမှာ ပစ္စည်းအသုံးအဆောင်တွေကို ရာသီဥတုဒဏ်မှ အကာအကွယ်ပေးနိုင်ဖို့အတွက် Rain Protector စီစဉ်ပေးထားသလို Trolley (သို့) Luggage Handle တွေပေါ်မှာ တွဲဖက်သယ်ဆောင်နိုင်ဖို့အတွက်လည်း Trolley Connection တွေ ပါရှိပါတယ် ။

Manfrotto Noreg Camera Backpack-30 နဲ့အတူ Messenger-30 လို့အမည်ပေးထားတဲ့ ကင်မရာဘေးလွယ်အိတ်ကိုလည်း ထုတ်လုပ်ထားပါတယ် ။ Synthetic Fabric နဲ့ ချုပ်လုပ်ထားပြီး လှပပြီး ဆွဲဆောင်မှုရှိတဲ့ Camouflage Texture နဲ့ဖြစ်ပြီး Cross-Positioned Strap တွေနဲ့ တန်ဆာဆင်ပေးထားတယ် ။ Noreg Camera Backpack-30 ကို ဈေးနှုန်း ၂၆၉.၉၅ ဒေါ်လာသတ်မှတ်ထားပြီး Messenger-30 က ၂၂၉.၉၅ ဒေါ်လာအဖြစ် ရောင်းချနေပါပြီ ။ Manfrotto အမှတ်တံဆိပ် ကင်မရာအိတ်တွေကို မြန်မာပြည်အတွက် တရားဝင်အရောင်းကိုယ်စားလှယ်အဖြစ် တင်သွင်းရောင်းချနေတဲ့ Image Camera & Accessories (www.imagecamerastore.com) ဖုန်း – ၀၉၂၅၃၆၃၆၆၉၉ သို့ ဆက်သွယ်စုံစမ်း ၀ယ်ယူနိုင်ပါပြီ ။ အသေးစိတ်အချက်အလက်တွေကို www.manfrotto.ca/noreg-camera-backpack-30-for-dslr-csc မှာ ၀င်ရောက်လေ့လာပါ ။

Price – 269.95 US$ @ Image Camera & Accessories Store

Credit: Cyra Publishing