နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ဇူလိုင် ၂၉ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီးအစိုးရ၊ တိုင်းဒေသကြီးလွှတ်တော်၊ တိုင်းဒေသကြီးတရားလွှတ်တော်၊ တိုင်း၊ ခရိုင်နှင့် မြို့နယ်များမှ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လမ်းညွှန်အမှာစကား ပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဦးဝင်းဆွေ နှင့် တရားသူကြီးများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ တိုင်း၊ ခရိုင်နှင့် မြို့နယ်များမှ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က လမ်းòန် အမှာစကားပြောကြားရာ၌ နိုင်ငံတော်က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို ပိုမိုတိုးတက်မြင့်မားအောင် ဆောင်ရွက်ရန် ယခုလိုလာရောက် တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ကို ကမ္ဘာ့ရေစီးကြောင်းနှင့်အတူ လိုက်ပါဆောင်ရွက်ရန် လိုအပ် ပါကြောင်း။
ပြုပြင်ပြောင်းလဲရေးလုပ်ငန်းဆောင်ရွက်
ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်း မရှိပါက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု၊ ကြွယ်ဝချမ်းသာမှု၊ လူနေမှု အဆင့်အတန်းမြင့်မားမှု၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှုရေးကဏ္ဍများ၌ နောက်ကျကျန်ခဲ့မည်ဖြစ်ပါကြောင်း၊ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက် ရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်အစိုးရနှင့် တာဝန်ရှိသူများ အားလုံးက ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုနိုင်ငံကို တည်ဆောက်ရန် တက်ညီလက်ညီ သန္နိဋ္ဌာန်ချထားပါကြောင်း။
ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုနိုင်ငံကို တည်ဆောက် နိုင်မှသာ နိုင်ငံတော်တည်ငြိမ်အေးချမ်း၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံး အချိုးကျကျဟန်ချက်ညီညီ ဖွံ့ဖြိုး တိုးတက်ပြီး ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာဝပြော၍ ရေရှည်တည်တံ့ခိုင်မြဲမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံကို တည်ဆောက်ရန် ရည်မှန်း ဆောင်ရွက်လျက်ရှိပါကြောင်း။
နိုင်ငံသူ နိုင်ငံသားအားလုံးက ဒီမိုကရေစီကိုလိုလားသည်ကို တွေ့ရပါကြောင်း၊ ဒီမိုကရေစီစနစ်တွင် တရားမျှတခြင်း၊ လွတ်လပ် ခြင်း၊ ညီမျှမှုရှိခြင်းဆိုသည့် လောကပါလတရားများရှိသည့်အပြင် ပြည်သူများ၏ ဘဝလုံခြုံမှု၊ စိတ်လုံခြုံမှု၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက် မှုနှင့် တည်ငြိမ်အေးချမ်းမှုများရှိသောကြောင့် အားလုံးက ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ပါကြောင်း။
ပြုပြင်ပြောင်းလဲရန် အခါကောင်းဖြစ်
ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုနိုင်ငံကို တည်ဆောက် မည်ဆိုပါက အချိန်အခါကို မေ့ထား၍မရပါကြောင်း၊ အချိန်အခါ သည် အလွန်တန်ဖိုးကြီးမားပါကြောင်း၊ အချိန်နှင့် ဒီရေသည် လူကိုမစောင့်ပါကြောင်း၊ ထို့ကြောင့် လက်ရှိပစ္စုပ္ပန်တွင် အချိန်နှင့် တစ်ပြေးညီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို ဆောင်ရွက်ရန် အထူးလိုအပ်ပါကြောင်း၊ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို ဆောင်ရွက်ရန် စိုးရိမ်စရာမဟုတ်ပါကြောင်း၊ ပြုပြင်ပြောင်းလဲရန် အခွင့်ကောင်း အခါကောင်းဖြစ်ပါကြောင်း၊ ရတောင့်ရခဲလှသည့် အခွင့်ကောင်း အခါကောင်းကို လက်တွေ့ကျကျ တန်ဖိုးရှိစွာ သုံးချရန် လိုအပ်ပါကြောင်း။
ဥပဒေများနှင့်အညီ ဆောင်ရွက်စေလို
အုပ်ချုပ်ရေးမဏ္ဍိုင်နှင့်စပ်လျဉ်း၍ တရားဥပဒေစိုးမိုးရေးကို အထောက်အကူဖြစ်ပြီး ဥပဒေများနှင့်အညီ ဆောင်ရွက်စေလို ပါကြောင်း၊ ပြည်သူကို အလုပ်အကျွေးပြုသည့်၊ ပြည်သူများ၏ ဘဝလုံခြုံမှု၊ စိတ်လုံခြုံမှုကို အကာအကွယ်ပေးသည့်၊ လှူအခွင့် အရေးများကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်သည့် အုပ်ချုပ် ရေးအဖွဲ့အစည်း ဖြစ်စေလိုပါကြောင်း။
ဥပဒေပြုရေးမဏ္ဍိုင်နှင့် စပ်လျဉ်း၍ ဥပဒေတစ်ခုကို ရေးဆွဲ ပြုစုသည့်အခါ နိုင်ငံ၏ အခြေအနေ၊ အချိန်အခါ၊ နိုင်ငံသူ နိုင်ငံသားများအတွက် အမှန်တကယ်အကျိုးဖြစ်ထွန်းမှုရှိ မရှိနှင့် လူ့အခွင့်အရေး စံချိန်စံနှုန်းများ၊ ဒီမိုကရေစီ စံချိန်စံနှုန်းများနှင့် ကိုက်ညီမှုရှိ မရှိတို့ကို ထည့်သွင်းစဉ်းစား ဆောင်ရွက်ရန် လိုအပ် ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် တိုင်းဒေသ ကြီးနှင့် ပြည်နယ် ဥပဒေပြုရေးလုပ်ပိုင်ခွင့်နှင့် တာဝန်များ၊ ပြည်ထောင်စု ဥပဒေပြုရေးလုပ်ပိုင်ခွင့်နှင့် တာဝန်များကို ကွဲကွဲ ပြားပြားသိရှိအောင် ကျေကျေညက်ညက် လေ့လာထားရှိရန် လိုအပ်ပါကြောင်း။
အဂတိကင်းစင်သည့် တရားစီရင်ရေးဖြစ်စေရန်လို
တရားစီရင်ရေးမဏ္ဍိုင်နှင့်စပ်လျဉ်း၍ အဂတိကင်းစင်သည့် တရားစီရင်ရေးဖြစ်စေရန် လိုအပ်ပါကြောင်း၊ အဂတိကင်းစင် သည့် တရားစီရင်ရေးဖြစ်အောင်လည်း သတ်သတ်မှတ်မှတ်ဖြင့် အဆင့်ဆင့် ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်လျက်ရှိပါကြောင်း၊ တရားဥပဒေစိုးမိုးရေးအတွက် သက်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဥပဒေ၏ရှေ့မှောက်တွင် ဆူကြုံနိမ့်မြင့်မရွေး၊ ဆင်းရဲချမ်းသာမရွေး၊ ရာထူးဌာန္တရ မရွေး အားလုံးကိုတန်းတူထား ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဒီမိုကရေစီစနစ်တွင် တရားဥပဒေစိုးမိုးရေးသည် အဓိကကျသော ကြောင့် ဒီမိုကရေစီကိုလိုလားပါက ဥပဒေကို လေးစားလိုက်နာ ရန်နှင့် လူပုဂ္ဂိုလ် တစ်ယောက်နှင့်တစ်ယောက်၊ အဖွဲ့အစည်း တစ်ဖွဲ့နှင့်တစ်ဖွဲ့ အပြန်အလှန် ရိုသေလေးစားမှုရှိရန် လိုအပ် ပါကြောင်း။
မဏ္ဍိုင်သုံးခု၏ အခြေအနေမှန်များတင်ပြရန်လို
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဥပဒေပြုရေး၊ အုပ်ချုပ် ရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်များ၏ ပကတိအခြေအနေမှန်ကို သိရှိပြီး ပြင်ဆင်၊ တည့်မတ်ဆောင်ရွက်ပေးရန် လာရောက် တွေ့ဆုံခြင်းဖြစ်၍ မဏ္ဍိုင်သုံးခု၏ အခြေအနေမှန်များကို ရှင်းရှင်းလင်းလင်းတင်ပြကြရန် လိုအပ်ပါကြောင်း မှာကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက် မည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက လွှတ်တော်ရေးရာလုပ်ငန်းများ ဆောင်ရွက် နေမှု၊ ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးဝင်းဆွေက တရားလွှတ်တော်ရေးရာလုပ်ငန်း များ ဆောင်ရွက်နေမှု၊ ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ကောင်းမွန်သည့်အုပ်ချုပ်ရေးစနစ်ဖြစ်ရန် မူဝါဒများချမှတ်
ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးကဏ္ဍတို့မှ ရှင်းလင်းတင်ပြသည့် အစီရင်ခံစာများနှင့်စပ်လျဉ်း၍ အားနည်းချက်၊ အားသာချက် များကို ရှင်းလင်းပြောကြားပြီး ကောင်းမွန်သည့် အုပ်ချုပ်ရေး စနစ်ဖြစ်ရန် တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှု၊ ကြိုတင် မှန်းဆနိုင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ရှိရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ကောင်းမွန်သည့် အုပ်ချုပ်ရေးစနစ် ဖြစ်ရန် မူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း။
အဆိုပါမူဝါဒများကို နိုင်ငံတော်အစိုးရတစ်ရပ်တည်း လုပ်၍ မအောင်မြင်နိုင်ပါကြောင်း၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရား စီရင်ရေးမဏ္ဍိုင်သုံးရပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်း များနှင့် ပြည်သူအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်မှ မိမိတို့လိုချင် သည့် အရွေ့တစ်ခု၊ မိမိတို့လိုချင်သည့် ပန်းတိုင်ကို ရောက်ရှိမည် ဖြစ်ပါကြောင်း။
ဝန်ထမ်းများသည် နိုင်ငံတော်၏ ရသုံးခန့်မှန်းခြေ ငွေစာရင်း မှ ကျခံသုံးစွဲသည့် လစာ၊ စရိတ်ငွေနှင့် အခြားခံစားခွင့်များကို ခံစားကြရပါကြောင်း၊ အဆိုပါ ဝန်ထမ်းများတွင် အခွင့်အရေးနှင့် ဒွန်တွဲ၍ တာဝန်ယူမှုများရှိပါကြောင်း၊ အခွင့်အရေးကို မှန်ကန်စွာ သုံးစွဲပြီး တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ရန် လိုကြောင်း၊ ပြည်သှူဘဏ္ဍာကို ခံစားနေကြသည့် ဝန်ထမ်းများသည် ပြည်သှူ တာဝန်များကို တရားဥပဒေနှင့်အညီ ကျေပွန်စွာထမ်းဆောင်ကြ ရမည်ဖြစ်ပြီး ပြည်သူကို လေးစားစွာ ဝန်ဆောင်မှုများ ပေးကြ ရမည် ဖြစ်ပါကြောင်း။
ဖိနှိပ်အုပ်ချုပ်သည့် ယ္တရားမဖြစ်ရန် အထူးလိုအပ်
နိုင်ငံသူ နိုင်ငံသားများကို ဖိနှိပ်အုပ်ချုပ်သည့် ယန္တရား မဖြစ်ရန် အထူးလိုအပ်ပါကြောင်း၊ ဝန်ထမ်းကောင်းမှ နိုင်ငံကောင်း မည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများ အားလုံးကောင်းမှ အားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်မှ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ အောင်မြင်မည်ဖြစ်ပါကြောင်း၊ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ကို အချိန်နှင့်တစ်ပြေးညီ လိုက်ပါမဆောင်ရွက်နိုင်ပါက မိမိတို့ တိုင်းပြည် ဆက်လက်ပြီး ခေတ်နောက်ကျ ကျန်နေမည်ဖြစ်ပါ ကြောင်း။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် ပတ်သက်၍ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥပဒေများနှင့်အညီ ထိရောက်စွာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်များ အထိ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအလိုက် Corruption Prevention Units (CPU) များ ဖွဲ့စည်းပြီး ထိန်းကျောင်းရန် စီမံလျက်ရှိပါကြောင်း၊ အဂတိလိုက်စားမှု ကင်းရှင်းစေရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ပါ ကြောင်း၊ အဂတိလိုက်စားမှုကို ဆူကြုံနိမ့်မြင့်မရွေး ဥပဒေနှင့် အညီ ကိုင်တွယ်ဖြေရှင်းလျက်ရှိပါကြောင်း၊ အဂတိကင်းစင်သည့် လူ့အဖွဲ့အစည်းဖြစ်စေရန် ဆောင်ရွက်နေပါကြောင်း။
ဝန်ထမ်းများ၏ အခက်အခဲမျာကိုနားလည်
ဝန်ထမ်းများ အခက်အခဲ၊ အကျပ်အတည်းများ မဖြစ်ပေါ် အောင် တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့၏ စားဝတ်နေရေး အခက်အခဲ၊ အ$ကျပ်အတည်းများရှိသည်ကို နားလည်ပါကြောင်း၊ သို့သော် မိမိတို့၏ဒုက္ခများကို ရှေ့တန်းမတင်ဘဲ၊ မမှန်မကန် အခွင့်အရေးများကို နစ်နာဆုံးရှုံးမှုဟု မမှတ်ယူဘဲ၊ တိုင်းပြည်နှင့် နိုင်ငံသူ နိုင်ငံသားအားလုံး၏ ဒုက္ခဝေဒနာများကို ကုစားပေးကြ ရန်နှင့် မိမိတို့၏ ယာယီသက်သာမှုများထက် ပြည်သူများ၏ ရေရှည်အနာဂတ်အကျိုးစီးပွားကို မျှော်ကိုးပြီး ဝိုင်းဝန်းကူညီ ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် အခမ်းအနား သို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်သည်။