မြန်မာနိုင်ငံ၏ အနောက်တံခါးဟု ခေါ်ဆိုကြသည့် ရခိုင်ပြည်နယ် အရေးကိစ္စများ သည် တစ်နေ့တစ်မျိုး မïိးဟုပင် ဆိုနိုင်ပါသည်။ ၂ဝ၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက် အကြမ်းဖက်ဖြစ်စဉ်များ တည်ငြိမ်မှုရရှိအောင် ကြိုးပမ်းပြီး ပြန်လည်လက်ခံရေး အတွက် မြန်မာနိုင်ငံဘက်မှ အားလုံး စီစဉ်ပြီးချိန်၊ ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြန်လည် ပို့ဆောင်ရေးအတွက် စီစဉ်ဆောင်ရွက်နေချိန် နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းအနီး မြန်မာပိုင်နယ်မြေတွင် လူခြောက်ထောင်ကျော် ဝင်ရောက်နေထိုင်မှု အရေးကိစ္စ ဖြေရှင်းဆောင်ရွက်ရန် ပေါ်ပေါက်လာပြန်သည်။
နှစ်နိုင်ငံ နယ်နိမိတ်မျဉ်း
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းမှ မြန်မာနိုင်ငံဘက်ခြမ်း နယ်စပ်ခြံစည်းïိးအကြား၊ နယ်နိမိတ်ကျောက်တိုင် ၃၄ နှင့် ၃၅ အကြားတွင် လူနည်းစုမှသည် တစ်စတစ်စ များပြားလာကာ ခြောက်ထောင်ကျော်အထိ နေထိုင် လာခြင်းသည် စိုးရိမ်ဖွယ်အခြေအနေကို ဖိတ်ခေါ်ဖန်တီးနေသကဲ့သို့ပင်။ သို့အတွက် နှစ်နိုင်ငံ တွေ့ဆုံညှိနှိုင်းခဲ့ရသည်။ ထိုသို့ ညှိနှိုင်းခဲ့မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်းရှိ ကူတူပါလောင်ကျေးရွာနှင့် ဘာလူခါလီကျေးရွာများမှ ဒုက္ခသည်စခန်း များသို့ ပြောင်းရွှေ့သွားခဲ့သည့်အတွက် လက်ရှိတွင် တစ်ထောင်ကျော်သာ ကျန်ရှိ တော့ကြောင်း သိရှိရပါသည်။
အဆိုပါအရေးကိစ္စနှင့်အတူ အခေါ်အဝေါ် အသုံးအနှုန်းနှင့် ပတ်သက်၍ ပြောဆိုစရာ ကိစ္စတစ်ရပ် ပေါ်ပေါက်လာပြန်သည်။ နှစ်နိုင်ငံ နယ်နိမိတ်မျဉ်း အတွင်း နေထိုင်သူများကို ညွှန်းဆိုကြရာတွင် မည်သူမျှမနေရ(No Man’s Land) ဟူသည့် အသုံးအနှုန်းကို လည်းကောင်း၊ Zero Line ဟူသည့် အသုံး အနှုန်းကိုလည်းကောင်း သုံးစွဲလာကြခြင်းဖြစ်သည်။
အချုပ်အခြာအာဏာပိုင်နိုင်ငံ
အသုံးအနှုန်း အရေးကြီးသလားဟုဆိုရလျှင် လွန်စွာအရေးကြီးပါသည်။ မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်သည်။ အချုပ်အခြာ အာဏာပိုင်နိုင်ငံတွင် နိုင်ငံ နယ်နိမိတ်၊ အဆိုပါနယ်နိမိတ်အတွင်း နေထိုင်သည့် ပြည်သူနှင့် အုပ်ချုပ်သော အစိုးရဟူသည့် ဝိသေသလက္ခဏာများ ရှိပြီးဖြစ်သည်။ နိုင်ငံ၏ အချုပ်အခြာ ပိုင်ဆိုင်မှုအတွက် နယ်နိမိတ်မျဉ်းသည် အဓိကကျသည့် သတ်မှတ်ချက်ဖြစ်သည်။ ထို့ကြောင့် တိကျစွာ သုံးနှုန်းရန် လိုအပ်ပါသည်။ နိုင်ငံတကာရေးရာကိစ္စများအတွက် သံတမန်နည်းအားဖြင့် ဆက်သွယ်ရာတွင် အထူးသဖြင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ဆက်သွယ်ညှိနှိုင်းနေရသည့် ယခု အချိန်အခါမျိုးတွင် ပို၍ သတိထားဖွယ်ဖြစ်သောကြောင့် ဖြစ်ပါသည်။ လွယ်လွယ် ကူကူ မသုံးသင့်ပါ။
စင်စစ်အားဖြင့် No Man’s Landဟူသော စကားရပ်သည် နှစ်နိုင်ငံ နယ်နိမိတ် အငြင်းပွားမှုများကြောင့် ညှိနှိုင်းအဖြေရှာမရ၍ မည်သည့်နိုင်ငံကမှ ဝင်ရောက်ခြင်းမပြုရန် နှစ်ဖက်သဘောတူထားရှိသည့် နေရာမျိုးကို ဆိုလိုခြင်း ဖြစ်သည်။
မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများနှင့် နှစ်နိုင်ငံ နယ်နိမိတ်မျဉ်း၏ ဟိုဘက်ဒီဘက် သဘောတူသတ်မှတ်ထားသည့် အကွာအဝေးအတွင်း လူပုဂ္ဂိုလ် များ ဝင်ရောက်နေထိုင်ခြင်း၊ အဆောက်အအုံဆောက်လုပ်ခြင်းများ မပြုလုပ်ရန် တားမြစ်ထားသည့် သဘောတူညီချက်များရှိသည်။ ထိုသို့ အဆောက်အအုံ မဆောက်လုပ်ရ ဇုန် (Non-Construction Zone) သဘောတူ သတ်မှတ် ချက်သည် နယ်နိမိတ်မျဉ်းကြောင်း သွယ်တန်းမှုအပေါ် ထိခိုက်မှုများ မဖြစ်ပေါ် စေရန်နှင့် နှစ်နိုင်ငံအငြင်းပွားမှုများ ဖြစ်ပေါ်လာခဲ့ပါက နယ်နိမိတ်မျဉ်းကြောင်း ကို လွယ်လင့်တကူ ပြန်လည်ရှာဖွေနိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်နိမိတ်မျဉ်း၏ ပေ ၁၅ဝ အကွာ အဝေးတွင် အဆောက်အအုံ မဆောက်လုပ်ရ သဘောတူညီချက်ကို ထားရှိပြီး ဖြစ်သည်။ ထို့ကြောင့် နှစ်နိုင်ငံ သဘောတူညီချက်များအရ နယ်နိမိတ်မျဉ်းမှ ပေ ၁၅ဝ အကွာ ဇုန်အတွင်း မည်သည့် အဆောက်အအုံမျှ ဆောက်လုပ်ခွင့်မရှိပါ။ ထိုအကြောင်းကို ၁၉၈ဝ ပြည့်နှစ် ဒီဇင်ဘာလ ၁၉ ရက်တွင် မြန်မာ – ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အစိုးရချုပ်ဆိုသည့် နယ်ခြား၊ အစီအစဉ်များနှင့် ပူးပေါင်းဆောင်ရွက် ရေးသဘောတူစာချုပ်တွင် ထည့်သွင်းချုပ်ဆိုထားပြီးဖြစ်သည်။
ညှိနှိုင်းအဖြေရှာ
ယခု မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းမှ မြန်မာနိုင်ငံဘက်ခြမ်း နယ်စပ် ခြံစည်းïိးအကြား၊ နယ်နိမိတ်ကျောက်တိုင် ၃၄ နှင့် ၃၅ အကြား နေထိုင်သူများရှိရာနေရာသည် မြန်မာနိုင်ငံနှင့် သက်ဆိုင်သည့်နေရာဖြစ်ပါသည်။No Man’s Land ဟူသည့် ညှိနှိုင်းအဖြေရှာမရ၍ ဝင်ရောက်ခြင်းမပြုရန် နှစ်ဖက်သဘောတူထားရှိသည့် နေရာမျိုး မဟုတ်ပါ။ ထို့ကြောင့် နှစ်နိုင်ငံ နယ်နိမိတ်တစ်လျှောက် ”အဆောက်အအုံ မဆောက်လုပ်ရဇုန် (Non-Con-struction Zone)}} အား “ No Man’s Land”အဖြစ် မသုံးစွဲစေလိုပါ။ ဝိဝါဒကွဲပြားမှု မဖြစ်ပေါ်စေရန် အဆောက်အအုံ မဆောက်လုပ်ရဇုန်၊ နယ်နိမိတ်မျဉ်း အစရှိသဖြင့် သုံးစွဲစေလိုပါသည်။
ဤနေရာတွင် နယ်နိမိတ်မျဉ်းကို အင်္ဂလိပ်ဘာသာအားဖြင့်Boundary Line ဟု သဘောတူစာချုပ်၌ သုံးနှုန်းထားပါသည်။ နိုင်ငံတကာတွင် Zero Line ဟုလည်း သုံးကြသည်။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ စာချုပ်စာတမ်း အပါအဝင် သဘောတူညီချက်ပါအတိုင်း တူညီမှုရှိစေရန် နယ်နိမိတ်မျဉ်းကိုBoundary Line ဟုသာ ထည့်သွင်းရန် သတိချပ်သင့်သည်။
နှစ်နိုင်ငံအကြား တေ့တေ့ဆိုင်ဆိုင် ပြောဆိုဖြေရှင်းရမည့် အခြေအနေဖြစ်ပေါ် လာလျှင် ကိုယ့်နိုင်ငံဘက်မှ ပြီးပြည့်စုံသည့် အခြေအနေ ဖြစ်နေစေလိုသည်မှာ နိုင်ငံ သားတိုင်း၏ ဆန္ဒပင်ဖြစ်သည်။ ဤနေရာတွင် နှစ်နိုင်ငံအရေးကိစ္စကို နှစ်နိုင်ငံချင်း ဆက်သွယ်ညှိနှိုင်းနေသော်လည်း နိုင်ငံတကာကပါ သေချာလေ့လာ စောင့်ကြည့် နေသည့်အတွက် မြန်မာနိုင်ငံအတွက် ပြည်သူနှင့် အစိုးရသည် တစ်သားတည်းကျ နေရမည်ဖြစ်သည်ကို အလေးထားစေလိုပါသည်။
သတိထားရမည်
ယခု နယ်နိမိတ်မျဉ်းတွင် ကပ်လျက် ဝင်ရောက်နေထိုင်သူများအကြား အကြမ်း ဖက်သမားများ ပါဝင်နေနိုင်ကြောင်းနှင့် မြန်မာနိုင်ငံဘက်မှ ဖယ်ရှားရှင်းလင်းမှုများ ဆောင်ရွက်လာလျှင် နေရာက မစွန့်ခွာဘဲ ဆက်လက်နေထိုင်ရန် အကြမ်းဖက်အဖွဲ့ အစည်းဝင်များက ညွှန်ကြားနေကြောင်း သတင်းစကားများက ပို၍သတိထားရှိရမည့် အခြေအနေပင်ဖြစ်သည်။
ထို့အတူ နိုင်ငံရေး အမြတ်ထုတ်နိုင်ရန် သတင်းမှား၊ သတင်းတုများကို ဖြန့်ဝေနေသည်မှာ လန့်စရာဟုပင် ဆိုရမလိုပင်။ မြန်မာနိုင်ငံဘက်တွင် အသက် အ္တရာယ် စိုးရိမ်ဖွယ်အခြေအနေ ရှိသယောင်၊ စားသောက်ရန် ပြတ်လပ်ခက်ခဲ နေသယောင် စသည်ဖြင့် အမှန် မဟုတ် ဖန်တီးထားသည့် အခြေအနေကို နိုင်ငံ တကာက ပုံမှားမြင်လာအောင်၊ လူ့အခွင့်အရေးသမားများ လှုပ်ရှားပါဝင်လာအောင် ချပြဆောင်ရွက်နေသည်ကို သတိပြုရမည်။
ကောင်းမွန်သည့် အကျိုးရလဒ်
သို့အတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အစိုးရချင်း အမြဲပူးပေါင်းဖြေရှင်း မှသာ ကောင်းမွန်သည့် အကျိုးရလဒ်များ ထွက်ပေါ်လာနိုင်မည်ဖြစ်သည်။ ထို့ကြောင့် လည်း နှစ်နိုင်ငံ အစိုးရချင်း ညှိနှိုင်းဆောင်ရွက်နေခြင်းဖြစ်ပါသည်။
မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား ရခိုင်ပြည်နယ်မှ ထွက်ခွာသွားသူများ ပြန်လည်စိစစ်လက်ခံရေး ပူးတွဲလုပ်ငန်းအဖွဲ့၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေး ကို ဇန်နဝါရီလ ၁၅ ရက်နေ့တွင် စတင်ကျင်းပပြီး ဇန်နဝါရီလ ၁၆ ရက်တွင် နှစ်ဖက် သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ပါသည်။ ၂ဝ၁၇ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့ တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်ဖက် ဝန်ကြီးများအဆင့် လက်မှတ်ရေးထိုးခဲ့သည့်Arrangementအနှင့်အညီ ၂ဝ၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက် နှင့် ၂ဝ၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့ အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက်ပိုင်း ဘင်္ဂလား ဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ခွာသွားသူများအား ပြန်လည်လက်ခံနိုင်ရန် ပုံစံများကို ဖြည့်စွက်ပေးပို့သွားမည်ဖြစ်ကြောင်း၊ ကနဦး စတင်ဆောင်ရွက်သွားနိုင်ရန် ဟိန္ဒူ ဘာသာဝင် ၅ဝ၈ ဦးနှင့် စိစစ်ပြီး မူဆလင် ၇၅ဝ တို့၏ အချက်အလက် အပြည့်အစုံ ကိုလည်း မြန်မာနိုင်ငံဘက်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးအတွင်းဝန်သို့ ပေးအပ် ခဲ့ကြောင်း နှစ်နိုင်ငံ အစည်းအဝေးအပြီး ထုတ်ပြန်သော သတင်းများအရ သိရသည်။
ထို့ပြင် မြန်မာနိုင်ငံဘက်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ARSAအကြမ်းဖက် သမား ၁ဝဝဝ ကျော် စာရင်းကို ပေးအပ်ခဲ့ကြောင်းလည်း သိရပါသည်။ ပြန်လည်ပြင်ဆင်နေရ ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ ဦးစီးသည့် ကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ သွားရောက်စဉ် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အတွက် ပထမအသုတ် အဖြစ် လူဦးရေ ၈ဝဝဝ ကျော် လွှဲပြောင်းပေးမည့်စာရင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်မှ ပေးအပ်ခဲ့ကြောင်း၊ ပုံစံစာရင်းကို မြန်မာနိုင်ငံဘက်မှ ပေးပို့ထားသည့် ပုံစံအတိုင်း ဖြည့်စွက်ထားခြင်းမရှိသည့်အတွက် ပုံစံအတိုင်းဝင်အောင် လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာနက ပြန်လည်ပြင်ဆင်နေရကြောင်း သိရပါသည်။
မတ်လ ၂ ရက်ကလည်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ တပ်ရင်းမှူးအဆင့် တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံ ညှိနှိုင်းကာ လှည့်ကင်းဆောင်ရွက်မည့် အစီအမံများနှင့် သတင်းအချက်အလက်ဖလှယ်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
မြန်မာနိုင်ငံဘက်၌ ဇန်နဝါရီလ ၂၃ ရက်က စတင်သည့် ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်အတွက် ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို လုပ်ငန်းစဉ် စတင်သည့် နေ့မှာပင် သက်ဆိုင်ရာ တာဝန်ရှိသူများက မီဒီယာများ သို့ ရှင်းလင်းပြောကြားပြီး ဖြစ်ပါသည်။ တစ်နည်းအားဖြင့် မြန်မာနိုင်ငံဘက်က နှစ်နိုင်ငံ ညှိနှိုင်းထားသည့်အတိုင်း ဆောင်ရွက်ထားပြီးဖြစ်ကြောင်း အသိပေးခဲ့ ခြင်း ဖြစ်ပါသည်။
ဤနေရာတွင် အလျဉ်းသင့်၍ ရခိုင်ပြည်နယ်အတွင်း ပြန်လည်နေရာချထား ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကိုလည်း ဆက်စပ်တင်ပြ လိုပါသည်။ ရခိုင်ပြည်နယ်အတွက် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီကို လည်းကောင်း၊ ရခိုင် ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီအထောက်အပံ့ ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း(UEHRD) ကော်မတီကို လည်းကောင်း ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။
ထို့ပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် နိုင်ငံ့ခေါင်းဆောင်များ သည် နိုင်ငံတကာအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံရာတွင် ရခိုင်အရေး ကိစ္စ အခြေအနေမှန်များကို အသိပေးဆွေးနွေးပြောကြားခဲ့ကြသည့်အပြင် နိုင်ငံ တကာမှ အမှန်အတိုင်း သိရှိနားလည်စေရန် သံတမန်များ၊ နိုင်ငံတကာအဖွဲ့ အစည်းများနှင့် ပြည်တွင်းပြည်ပ သတင်းမီဒီယာများကို ပြန်လည်လက်ခံရေး စခန်းနှစ်ခု နှင့် ကြားစခန်းတို့သို့ သွားရောက်လေ့လာစေခဲ့ပြီးလည်း ဖြစ်ပါသည်။
ပြည်တွင်း ပြည်ပသတင်းမီဒီယာများအား ရခိုင်ပြည်နယ်အတွင်း မောင်တော ဒေသနှင့် IDP စခန်းများသို့ သွားရောက်သတင်းရယူနိုင်ရန် ၂ဝ၁၆ ခုနှစ် အောက်တိုဘာလဖြစ်စဉ် ဖြစ်ပွားပြီးနောက်ပိုင်းမှ ယနေ့အထိ ရှစ်ကြိမ် စီစဉ် ပေးခဲ့ပြီးဖြစ်ကြောင်းလည်း သိရပါသည်။
မောင်တောခïိင်အတွင်း အလွယ်တကူဖမ်းယူနားဆင်နိုင်သည့် ဗမာ၊ ရခိုင်၊ ဘင်္ဂါလီဘာသာစကားတို့ဖြင့် ထုတ်လွှင့်သည့် မေယု FM အစီအစဉ်ကိုလည်း တစ်နေ့ ခြောက်ကြိမ် ထုတ်လွှင့်ပေးလျက်ရှိပါသည်။
သတိကြီးကြီးဖြင့် ဖြေရှင်းဆောင်ရွက်နေ အချုပ်အားဖြင့်ဆိုရသော် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကိုလည်း တစ်ဖက်က ဆောင်ရွက်နေပြီး တစ်ဖက်ကလည်း တွေ့ကြုံရသည့် စိန်ခေါ် မှုများ၊ အခက်အခဲများကို သတိကြီးကြီးဖြင့် ဖြေရှင်းဆောင်ရွက်နေရသည့် အခြေအနေကို နားလည်ပေါ်လွင်စေလိုရင်း ဖြစ်ပါသည်။
ထိုသို့ ဖြေရှင်းဆောင်ရွက်ရာတွင်လည်း ပြောစကားများမှအစ ဝေါဟာရ အသုံးအနှုန်းများအထိ မမှားစေရန် ရွေးချယ်သုံးနှုန်းနေရပါသည်။ ထို့ကြောင့် သတိကြီးစွာဖြင့် ဆောင်ရွက်နေရသည့် ရခိုင်အရေးတွင် မိမိနိုင်ငံဘက်မှ ခြွင်းချက် မရှိ ပြီးပြည့်စုံကာ နိုင်ငံ၏ အနောက်တံခါး လုံခြုံစေရေးအတွက် ဖတ်ရှုမှတ်သား လေ့လာထားသမျှကို ရေးသားတင်ပြလိုက်ရပါသည်။ ။

credit: ဆောင်းပါးရှင် – ရှင်မင်း