သေးငယ်ကျစ်လျစ်ပေါ့ပါးတဲ့ ခေတ်ပေါ် Mirrorless ကင်မရာတွေနဲ့ လိုက်ဖက်ညီမယ့် ဒီဇိုင်းတည်ဆောက်ပုံရှိပြီး တာရှည်ခံတဲ့ Fabric နဲ့ ချုပ်လုပ်ထားပါတယ် ။ Gray Canvex နဲ့ Black Cordura ဆိုပြီး အရောင် – ၂ မျိုး ခွဲခြားထုတ်လုပ်ထားသလို ရာသီဥတု မရွေး အသုံးပြုနိုင်ဖို့အတွက် All Weather AW Cover လည်း စီစဉ်ပေးထားပါတယ် ။ 12’’ Laptop (သို့) 12.9’’ iPad Pro တို့လို Mobile Device တွေ ထည့်သွင်းသယ်ဆောင်နိုင်ဖို့အတွက် CradleFit Compartment သီးခြားပါဝင်ပါတယ် ။

ကျောပိုးအိတ်ရဲ့ အောက်ခြေမှာ Quick Release Strap ပါရှိတဲ့အတွက် Tripod (သို့) ခရီးဆောင်ထီး ချိတ်ဆွဲသယ်ဆောင်နိုင်မှာဖြစ်သလို Elastic Side Pouch စီစဉ်ပေးထားတဲ့အတွက် ရေဗူး ထည့်သွင်းနိုင်ပါတယ် ။ Mirrorless ကင်မရာနှင့် မှန်ဘီလူးတွေအပြင် Gimbal နဲ့ Mic တို့လို ဆက်စပ်ပစ္စည်းတွေအတွက် အိတ်အတွင်းမှာ စိတ်ကြိုက်ပြုပြင် ပြောင်းလဲနေရာချနိုင်ဖို့ Divider တွေ ပါရှိပါတယ် ။ လူဦးရေ ထူထပ်တဲ့နေရာတွေမှာ ကျောပိုးအိတ်ကို လွယ်ပိုးသယ်ဆောင်တဲ့အခါ ခါးပိုက်နှိုက်ရန်မှ လျော့ပါးစေဖို့အတွက် Camera Compartment ကို အိတ်အတွင်းဘက်မှာ နေရာချထားပါတယ် ။

ဒါ့အပြင် အိတ်ရဲ့ အပေါ်ဘက်မှာ 3 Litre Top Pocket ပါရှိတဲ့အတွက် Headphone နဲ့ Sunglass တို့လို အသုံးအဆောင်ပစ္စည်းတွေ ထည့်သွင်းသယ်ဆောင်နိုင်တယ် ။ Smartphone နဲ့ PowerBank တို့အတွကလည်း Slat Pocket ပါရှိတယ် ။ Lowerp ရဲ့ m-Trekker BP 150 ကို ၀ယ်ယူချင်တယ်ဆိုရင် ပြည်တွင်းမှာ တရားဝင် ဖြန့်ချိရောင်းချနေတဲ့ Image Camera & Accessories Storeဖုန်း – ၀၉၂၅၃၆၃၆၆၉၉ သို့ ဆက်သွယ်မှာယူနိုင်ပါပြီ ။ နိုင်ငံတကာမှာ ရောင်းချနေတဲ့ ဈေးနှုန်းအတိုင်း ၁၁၉.၉၅ ဒေါ်လာ သတ်မှတ်ထားပါတယ် ။ အသေးစိတ်အချက်အလက်တွေကို store.lowepro.com/m-trekker-bp-150 မှာ ၀င်ရောက်လေ့လာပါ ။

Credit: Cyra