ဝိုင်းစုခိုင်သိန်း တစ်ကိုယ်တော် ဖျော်ဖြေပွဲကြီးကို ဒီဇင်ဘာ ၂၄ ရက် တွင် ကျရောက်မည့် သူ၏ မွေးနေ့တွင် ပြုလုပ်ရန်စီစဉ်နေပြီး သီချင်းများအတွက် ပြင်ဆင်နေပြီဖြစ်သည်။
ပရိသတ်များ၏ တောင်းဆိုမှုအရ ရန်ကုန်မြို့အပြင် မ္တလေးမြို့တွင်လည်း လာမည့် ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၁၆ ရက်တွင်Dream lover bandနှင့် အတူ one lady show ကို ပြုလုပ် သွားမည်ဟု သိရသည်။ ”ပထမတော့ ရန်ကုန်တစ်ပွဲပဲလုပ်ဖို့ စဉ်းစားထားတာ ပါ၊ ဒါပေမယ့် ပရိသတ်တွေက မန္တလေး မှာလည်း လုပ်စေချင်တယ်လေ၊ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်က ထွက်ရှိခဲ့တဲ့ ”ဂါ” တေးစီးရီးDVDကိုလည်း တစ်ကိုယ်တော်ဖျော်ဖြေပွဲ မတိုင်မီမှာ ဖြန့်ချိမှာပါ၊ အခွေအတွက်လည်း ပြင်ဆင် နေသလို တစ်ကိုယ်တော်ဖျော်ဖြေပွဲ အတွက် ပြင်ဆင်မှုတွေ လုပ်နေရတာမို့ အလုပ်တွေလည်း ရှုပ်နေပါတယ်။ တစ်ကိုယ်တော် ဖျော်ဖြေပွဲက ဒီဇင်ဘာ ၂၄ ဝိုင်းစုမွေးနေ့မှာ လုပ်ဖို့တော့ Con-firm ဖြစ်တယ်။ ပရိသတ်တွေကို မေး ကြည့်တော့လည်း မွေးနေ့မှာ ပိုပြီး လုပ်စေချင်တယ်။ လက်ဆောင်တွေ လည်း ပေးချင်တယ်။ မွေးနေ့မှာ လာချင် တယ်ဆိုလို့ အဲဒီနေ့လုပ်ဖို့ စဉ်းစားထား တယ်။ ရှေ့နှစ်နှစ်တုန်းကလည်း အဲဒီ နေ့ကိုလုပ်ချင်တာ။ ပွဲတွေတိုက်နေမှာ စိုးတာနဲ့ကြောက်ပြီး မလုပ်ဖြစ်တာ”ဟု ပြောသည်။
သှူအနေနှင့် ၂ဝ၁၅ ခုနှစ်ကလည်း တစ်ကိုယ်တော်ဖျော်ဖြေပွဲ ပြုလုပ်ခဲ့ပြီး သီချင်းအသစ်တွေ စုစည်းနေတာ ကြောင့်၊ နှစ်နှစ်လောက်ကြာမှ ပြန်လည် လုပ်ဖြစ်ခဲ့သည့်ဖျော်ဖြေပွဲဖြစ်ပြီး တေး သီချင်းသစ်အပုဒ် ၃ဝ ကို ဖျော်ဖြေသွား မည်ဟု သိရသည်။

Credit: myanmaalin