အခုမိတ်ဆက်ပေးမှာကတော့ Asian ရော European အစားအစာတွေပါ ၂၄ နာရီလုံးရောင်းပေးနေတဲ့ မိုးလင်းမိုးချုပ်ဆိုတဲ့ ဆိုင်လေးပါ။

ညပိုင်း အပြင်ထွက်တဲ့သူတွေ၊ အစားအသောက်ကောင်းကောင်း စားချင်တဲ့သူတွေအတွက် အဆင်ပြေစေပါတယ်. ဆိုင်အပြင်အဆင် ကလည်း ခမ်းခမ်းနားနား။ ဓာတ်ပုံဝါသနာအိုးတွေကို လုံးဝစွဲဆောင်မယ့် အပြင်အဆင်ပါ။

အစားအစာတွေက မုန့်ဟင်းခါး၊ နို့ခေါက်ဆွဲ၊ ကြေးအိုး၊ ရှောက်သီးသုပ်၊ တုတ်ထိုး၊ ထမင်းကြော်၊ ကြက်သားသုပ်၊ ငါးသံပရာပေါင်း၊ ငါးကင်၊ ပဲပြုတ်ထမင်းကြော်၊ မြန်မာထမင်းဟင်း၊ တရုတ် မလေး ထိုင်း အစားအစာ စတာတွေရပါတယ်။ ကော်ဖီနဲ့ အအေးမျိုးစုံလည်းရပါတယ်.. ကော်ဖီခွက်လေးထဲ မှာ မိမိ စိတ်ကြိုက် ဓာတ်ပုံလေးတွေ နဲ့ ကော်ဖီလေးသောက်အုံးမလား အဲဒါလည်းရသေးတယ်။ မိုးလင်းမိုးချုပ် ရဲ့ နံမည်ကြီး နို့ မလိုင်လက်ဖက်ရည်လေးရောရပါတယ်။

ကဲဒါဆိုရင်တော့ မနက်ပဲစားစား၊ ညပဲစားစား၊ ၂၄ နာရီလုံးပဲစားစား စိတ်ကြိုက်လေးတွေဆွဲခြင်ရင်တော့ No-31(A), ကန်ရိပ်သာလမ်း, မရမ်းကုန်း, ရန်ကုန် မှာ Moe Linn Moe Choke 24hr Restaurant ရှိနေပြီလေနော်… ဒိုးလိုက်ကြပါအုံးဗျာ 🙂