ဗုံးတွေထဲမှာကောင်းတဲ့ဗုံးဆိုလို့ The Manhattan FISH MARKET ကအသစ်ဖန်တီးတင်ဆက်လိုက်တဲ့ Seafood Bomb ပဲရှိပါတယ်

အကြာကြီးမှအကြာကြီးစောင့်လိုက်ရတဲ့ The Manhattan FISH MARKET ကဂဏန်းဟင်းလျာတစ်မျိုးကတော့အခုအခါမှာသူငယ်ချင်းတို့ရှေ့မှောက်သို့ မကြာခင်ရောက်ရှိလာတော့မှာပါ။ အရသာရှိတဲ့ပင်လယ်စာဟင်းလျာသစ်တွေကိုသူငယ်ချင်းတို့အတွက်ပြင်ဆင်ဖန်တီးလိုက်ပြီဆိုတော့သူငယ်ချင်းတို့ဘာလုပ်မှာလဲပြော။ မနှောင့်နှေးပါနဲ့တော့။

ဒီ Seafood ဟင်းလျာတွေရဲ့ အရသာကိုအမြည်းအနေနဲ့ပြောပြရမယ်ဆိုရင်တော့စုံလင်လှတယ့်ပင်လယ်စာအမယ်မျိုးစုံဖြစ်တဲ့ Mussel ၊ Scallop ၊ Calamari နှင့် Fish တို့ကိုဟင်းပွဲတစ်ပွဲထဲမှာခံစားရရှိနိုင်မှာဖြစ်ပြီးပူပူစပ်စပ်အရသာအခြေခံထားတာမို့ သူငယ်ချင်းတို့တွေသဘောခွေ့မနောတွေ့မယ်လို့ယုံကြည်မိပါတယ်။ အစားအသောက်တစ်ခုစားပြီဆိုကိုယ်စားတဲ့ဟင်းလျာတွေမှအနှစ်လေးတွေနဲ့ စိုစိုပြေပြေဖြစ်နေမှသဘောကျပြီးမြိန်ရေလျက်ရေရှိတာဆိုတဲ့သူငယ်ချင်းတွေအတွက်လည်းဒီဟင်းလျာလေးကကွက်တိပေါ့ ။ အသေးစိတ်ကိုတော့သူငယ်ချင်းတို့ကိုယ်တိုင်မြည့်းပြီးတော့သာအကဲခတ်ဆုံးဖြတ်လိုက်ဖို့တိုက်တွန်းလိုက်ရပါတယ်။

Mud Crab ၊ Salmon နှင့် Tiger Prawn ဆိုပြီး Seafood Bomb ဟင်းလျာအမျိုးအစားသုံးမျိုးလုံးကို The Manhattan FISH MARKET Kannar Outlet မှာရော Myanmar Plaza Outlet မှာပါဒီလ ၂၇ ရက်နေ့ကနေစတင်ပြီးအားပေးနိုင်ပါပြီ